ရန်ကုန် ၂၃ ဇန်နဝါရီ
(၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့ (29th International Customs Day) အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ အကောက်ခွန်ဦးစီးဌာန သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းထွန်းက အမှာစကား ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် တာဝန်ရှိသူများက ဝန်ထမ်းစွမ်းဆောင်ရည်ဆုနှင့် လုပ်ငန်းစွမ်းဆောင်ရည် ဆုရရှိသူများ၊ (၅)ကြိမ်နှင့်အထက် သွေးလှူဒါန်းကြသူများ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်၍ ဂုဏ်ထူးရရှိကြသူများ၊ ဝန်ထမ်းသား/သမီးများနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။
သတင်းစဉ်