အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မေ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီခွဲတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ဒက္ခိဏသီရိဈေး၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည် တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် MSME အသင်း ဥက္ကဋ္ဌနှင့် MSME အေဂျင်စီ အဖွဲ့ဝင်များ၊ MSME လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြား ထားသည့် ဧည်သည်တော်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက နေပြည်တော် ကောင်စီအနေဖြင့် ပြည်တွင်းထုတ်ကုန်များ အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန် ရရှိရန်စသည့် အချက်များနှင့်အညီ ဒေသတွင်းပေါများစွာ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြုသည့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများ၊ မွေးမြူရေး အသား၊ ငါးကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများကိုအားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းသာမက ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရေးကို ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးရောင်းပွဲတော်များ ကျင်းပခြင်းဖြင့် မိမိတို့ထုတ်ကုန်များနှင့် ပတ်သက်သည့် Brand Awereness  များရရှိလာခြင်း၊ ထုတ်ကုန်အမယ်အသစ်များ ပေါ်ပေါက်လာစေခြင်း၊ ပြည်တွင်း ပြည်ပ ဈေးကွက်ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများရရှိပြီး လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို အောင်မြင် အောင် ဆောင်ရွက်ကြရန်နှင့် Value Added လုပ်ငန်းများ၊ သွင်းကုန်အစားထိုး လုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများကို ရေရှည်တည်တံ့သော MSME လုပ်ငန်းများဖြစ်စေရေးအတွက် အားလုံးက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဉီးဇေယျာ လင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော် MSMEအသင်း ဥက္ကဋ္ဌ ဦးကျော်စွာဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်သည် တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဘင်ခရာအဖွဲ့နှင့် MSMEအဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်၍ MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ထုတ်ကုန် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော် MSME လုပ်ငန်း ရှင်များက ဒေသထွက်ထုတ်ကုန် အရောင်းပြခန်း ဆိုင်ခန်းပေါင်း ၅၀ ဖြင့် မေ ရက်မှ ရက်အထိ  ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်