Peak Point Academy-Translation & Language Consultancy က ကြီးမှူးစီစဉ်သော “ အပြည်ပြည်ဆိုင်ရာဘာသာပြန်နေ့” အခမ်းအနားကို စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာဟိန်းလတ်၊ ဆရာရဲမြလွင်၊ ဆရာဒီနိုဗို၊ ဆရာတော်ကောင်းမင်းနှင့် ဆရာမရတနာတို့က ဟောပြောကြမည်ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်နိုင်ကြောင်း သိရသည်။
သတင်းစဉ်


