မြင်းခြံ ၅ ဒီဇင်ဘာ 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ (INTERNATIONAL VOLUNTEER DAY) အထိမ်းအမှတ်အဖြစ် မြင်းခြံမြို့ရှိ ပရဟိတအသင်းများ စုပေါင်း၍ Quarantine Centre များတွင် ယနေ့နံနက်က သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ယနေ့ ဒီဇင်ဘာလ ၅ ရက် အပြည်ပြည်ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ (INTERNATIONAL VOLUNTEER DAY) အထိမ်းအမှတ်အဖြစ် ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ ပရဟိတအသင်း သုံးသင်းတို့ ပူးပေါင်းပြီး မြင်းခြံတက္ကသိုလ် Quarantine Centre မှာ သစ်ပင်ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စွန့်ပစ်အမှိုက်များကို သန့်ရှင်းရေးပြုလုပ်ခြင်းအပြင် အ.ထ.က (၃) Quarantine Centre မှာလည်း စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြောင်း မြင်းခြံကြက်ခြေနီတပ်ဖွဲ့ ဒုခရိုင်တပ်ဖွဲ့မှူး ဒေါ်မြတ်မြတ်မိုးက ပြောသည်။

စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ရာတွင် မြင်းခြံကြက်ခြေနီတပ်ဖွဲ့၊ Forever Friends လူငယ်ပရဟိတအသင်း၊ We Are Family ပရဟိတအသင်း၊ ပန်းပျိုးလက် ဘက်စုံပရဟိတအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ လက်ရှိတွင်လည်း မြင်းခြံ ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ ပရဟိတအသင်း သုံးသင်းမှာလည်း Quarantine Centre များတွင်လည်း တာဝန်ထမ်းဆောင်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်လည်း ပါဝင်လုပ်ကိုင်လျက်ရှိသည်။
                                                    
ကျော်စွာ(မြင်းခြံ)