လှိုင်းဘွဲ ၂၁ ဩဂုတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က နောင်တိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ် လူငယ်ကွန်ယက် အဖွဲ့ခေါင်းဆောင် ဦးစည်သူဌေးက ကရင်ပြည်နယ် လူငယ်ရေးရာ မူဝါဒရဲ့ နောက်ခံသမိုင်းကြောင်းနှင့် ရှေ့ဆက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ၊ မြို့နယ် ကော်မတီဖွဲ့စည်းမည့် ဖွဲ့စည်းပုံ အခြေအနေများကို လူငယ်များအား အသိပေး မိတ်ဆက်ခြင်းဖြင့် လူငယ်ရေးရာ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်လာနိုင်စေရန်၊ လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန် စသည့် အချက်များအား လူငယ်များ နားလည်သဘောပေါက်စေရန် ဆွေးနွေးပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို နောင်တိုင်ကျေးရွာအုပ်စုနှင့် ကော့ဝန်းကျေးရွာအုပ်စု ကျေးရွာဆယ်ရွာမှ လူငယ် ၇၀ တက်ရောက်ခဲ့ပြီး သိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


