မိုးညှင်း ၂၈ နိုဝင်ဘာ
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (မိုးညှင်း)ရုံးခွဲ မနောမြေအသင်းမှ မသန်စွမ်းအ ဖွဲ့ဝင်များ စုပေါင်း၍ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဝှီးချဲစွမ်းရည်ပြသခြင်းနှင့်အထိမ်းအမှတ်နေ့အကြိုဟောပြောပွဲများ ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြသည်။
“အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုတဲ့အနေနဲ့ ဒီနေ့ပွဲကို ဆောင်ရွက်ခြင်းဖြစ်တယ်၊ အားလုံးအယောက် ၈၀လောက်ပါတယ်၊ ဒီမှာ ဝှီးချဲစီးအစွမ်းပြသခြင်းနဲ့ လမ်းလျှောက်တာတွေကို ကျွန်တော်တို့ အသင်းဝင်တွေ စုပေါင်းလုပ်ဆောင်ခဲ့ကြတယ်၊ ဒီလိုအခမ်းအနားမျိုး တစ်ခါမှ မလုပ်ဖူးသေးဘူး၊ အခုပွဲကို ပြည်သူတွေ လာရောက် အားပေးတဲ့အတွက် အဖွဲ့ကိုယ်စား ကျေးဇူး တင်ပါတယ်”ဟု မြန်မာနိုင်ငံမသန်စွမ်းသူ များရှေ့ဆောင်အဖွဲ့(မိုးညှင်း)ရုံးခွဲမနောမြေအသင်းမှ ဥက္ကဌ ဦးထွန်းခင်ကပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ အခမ်းအနားကို ညောင်ကုန်း ကျေးရွာအုပ်စု၊ မြိုင်ကျေးရွာဓမ္မာရုံ၌ ယနေ့ နံနက်(၁၀)နာရီတွင် ဆက်လက်ကျင်းပရာ မိုးညှင်းခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမြင့်ဦးငယ်က အမှာစကား ပြောကြားပြီး ပြည်နယ် မသန်စွမ်းသူများ အဖွဲ့ဥက္ကဌ ဦးဘိုလယ်က မသန်စွမ်းနေ့ဖြစ်ပေါ်လာပုံနှင့် မနောမြေအသင်း ဥက္ကဌက မ သန်စွမ်းနည်း ဥပဒေပါအကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူးက မိုင်းအန္တရာယ် အသိပညာပေး အကြောင်းအရာများကို သရုပ်ဖော်ပုံများနှင့် ရှင်းလင်းခဲ့သည်။
ကချင်ပြည်နယ်အတွင်း မသန်စွမ်းသူများအဖွဲ့ကို ဗန်မော်ခရိုင်နှင့် မိုးညှင်းခရိုင်များတွင် သာအဖွဲ့ ဖွဲ့စည်းထားနိုင်ပြီး မိုးညှင်းခရိုင်အနေဖြင့် မသန်စွမ်းအဖွဲ့ဝင် ၁၈၉ ဦးဖြင့် မနောမြေ အသင်းကို ဖွဲ့စည်းထားကြောင်း ဦးထွန်းခင်ထံမှ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)