မော်လမြိုင်   ဒီဇင်ဘာ   ၃

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊  ကော်မတီအဖွဲ့ဝင်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ   တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကမိမိတို့ပြည်နယ်အနေဖြင့်  လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မသန်စွမ်းသူများ လှစ်ဟာကျန်ရှိမှုမရှိစေရန် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ရောဂါကူးစက်မှု ခံရသူများအတွက် အခြားသူများနည်းတူ ကူညီထောက်ပံ့ပေး လျက်ရှိကြောင်း၊ မသန်စွမ်းကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကလေးများ လေ့ကျင့် သင်ကြားရေး ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအနေဖြင့် မသန်သော် လည်း စွမ်းဆောင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ မသန်စွမ်းသူများအား နွေးထွေးစွာ ဆက်ဆံပြီး ဖေးမတွဲခေါ်ကာ လိုအပ်တာတွေကို ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုကြောင်း” အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ပြသပေးခြင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်(ချောင်းဆုံရုံးခွဲ)တာဝန်ခံကရက်မြတ်မှတ်တိုင် မမေ့နိုင်ပြည်နယ် မော်ရွှေမြိုင်တေးသီချင်းဖြင့်  သီဆိုဖျော်ဖြေပေးခြင်းနှင့် မော်လမြိုင်မြို့နယ် ခြင်းလုံးအားကစားသမား မသန်စွမ်းထူးချွန်သူ ကိုမင်းမြတ်၏    လှုပ်ရှားဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသပြီး အခမ်းအနားအထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)