ပဲခူး ဒီဇင်ဘာ ၄
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပေးပို့သည့် သဝဏ်လွှာ Video Clip နှင့် မသန်စွမ်းမှုအသိပညာပေး Video Clip တို့ကို ကြည့်ရှုကြသည်။
အဆိုပါ အခမ်းအနားတွင် မသန်စွမ်းကလေးငယ်များက အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီး မြှင့်ခြင်း၊ မသန်စွမ်းကလေးငယ်များနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အား ပေးခြင်းနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဆုရစာစီစာကုံးများ လှည့်လည်ကြည့်ရှု အားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက် ရောက်၍ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြပြီး ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်