မိုင်းယောင်း  ၁၀  ဇွန်

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းပန်က ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ငယ်ရွယ်စဉ်ကစပြီး မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိပြီး ရှောင်ရှားနိုင်စေရန်အတွက် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်၊။ 

 

ပြိုင်ပွဲတွင် အမှတ်(၃၃၅) အခြေခံပညာ မူလတန်းကျောင်း(တပ်တွင်း)မှ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးက ပါဝင်ယှဉ်ပြိုင်ကြကာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

အားချာ(ပြန်/ဆက်)

 

1.02