ကျိုင်းတုံ  ၈ ဒီဇင်ဘာ 

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) ကိုယ်စားပြု မော်ကွမ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကို ကျိုင်းတုံမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

 

5056

 

အဆိုပါပြိုင်ပွဲကို ကျိုင်းတုံမြို့ရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့တွင် ဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)
 

7312