ဟားခါး ၁၄ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အနေဖြင့် ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဟားခါးမြို့ Facility Quarantine Centers များသို့ အောက်တိုဘာ ၁၃ ရက်က နှာခေါင်းစည်းMaskများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင် ပစ္စည်း(Hygiene Kits)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးရာတွင် ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးခမ်းလင်းနှင့် ဝန်ထမ်းများက ဟားခါးမြို့ပေါ်ရှိ Facility Quarantine Centers (၆)ခုတွင် Quarantine ဝင်ရောက်နေသည့် လူဦးရေအပေါ်မူတည်၍ နှာခေါင်းစည်းMask စုစုပေါင်း (၇၀ဝ)နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအသုံးအဆောင်ပစ္စည်း(Hygiene Kits) (၇၀)ကို Facility Quarantine ဝင်ရောက်နေသည့် လူဦးရေအပေါ်မူတည်၍ အခမဲ့ခွဲဝေ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခမ်းလင်းနှင့် ဝန်ထမ်းများက ဟားခါးမြို့တွင် အောက်တိုဘာ ၁၁ ရက်က နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့်သည့် အိမ်ထောင်စု(၁)စုကို အိမ်ဆောက်ပစ္စည်းအတွက် ငွေကျပ်(၁)သိန်း၊ ဆန်အတွက်ငွေကျပ်(၁၀၅၀ဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)များကို ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


