ဒလ ၈ အောက်တိုဘာ
အောက်တိုဘာ ၁ ရက်က ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုနေ့ (International Day Of Older Person) အထိမ်းအမှတ်အဖြစ် ဒလမြို့နယ်မှ အသက်ရာကျော် ဘိုးဘွားနှစ်ဦးအား အောက်တိုဘာ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ကာ ထောက်ပံ့ငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်မှ အသက်ရာကျော် ဘိုးဘွားနှစ်ဦးမှာ မြို့မ(၁)ရပ်ကွက်၊ လမ်းသွယ်(၃)လမ်းနေ အသက်(၁၀၃) နှစ်ရှိ အဘိုးဦးရွှေဗျိုင်းနှင့် အံ့ကြီးအရှေ့ရပ်ကွက်၊ သစ်စက်လိုင်းခန်း ဂ/၁၃ နေအသက်(၁၀၉)နှစ်ရှိ အဘွားဒေါ်တင်ရွှေတို့ဖြစ်ပြီး ကန်တော့ခံ အသက်ရာကျော် ဘိုးဘွားနှစ်ဦးက အသက်ရှည်၍ အနာကင်းကာ ကြီးပွားချမ်းသာပါစေကြောင်း ဆုမွန်တောင်းပေးခဲ့ကြောင်း သိရသည်။
မောင်ယဉ်ဦး(ဒလ)


