ကော့သောင်း  ၁၆  ဇွန် 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲ နှင့် စာအုပ်ပြပွဲကို ဇွန် ၁၆ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ ၌ ပြုလုပ်သည်။

 

02

 

အထိမ်းအမှတ်အကြိုပြပွဲတွင် အထက(ခွဲ)အဏ္ဏဝါကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူများအား  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ ၊မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ ၊ နိုင်ငံတော်မှ အမျိုးသားရေးတာဝန်အဖြစ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ နှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများနှင့် သက်ဆိုင်သည့် ပညာပေးရောင်စုံဓါတ်ပုံများ၊ ပညာပေးစာစောင်များ၊ ရုပ်ပုံကားချပ်များ အားခင်းကျင်းပြသခြင်း၊ ကျောင်းသားကျောင်းသူများ စာပေဖတ်ရှုခြင်းအလေ့အထရှင်သန်လာရေး စာဖတ်ခြင်း၏အကျိုးကျေးဇူးများ သိရှိနားလည်လာစေရန် စာအုပ်စာပေများခင်းကျင်းပြသဖတ်ရှုစေခြင်း လုပ်ငန်းများဆောင်ရွက်ရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာခဲ့ကြကြောင်းသိရသည်။ 

ကျော်စိုး (ကော့သောင်း)