လှမျိုးနွယ်

ယမန်နေ့မှအဆက်
ပင်လယ်ကြမ်းပြင်၌ ရှာဖွေတွေ့နိုင်သော သတ္တုအမျိုးအစားများမှာ နီကယ်လ်၊ ကိုဗော့၊ ကော်ပါး၊ Polymetallic NodulesManganeseCobalt- rich Ferromanganese Crusts Polymetallic Sulphides၊ ဇင့် စသည်တို့ဖြစ်ကြောင်း သိရှိရပါသည်။

Polymetallic Nodules များ ရှာဖွေခွင့်ပြုရေးအတွက် လျှောက်လွှာများကို အာဏာပိုင်အဖွဲ့အစည်းသည် လက်ခံ ရရှိခဲ့ပြီး အာရှနိုင်ငံများအနက် စင်ကာပူနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပါအဝင် လုပ်ငန်းစုစုပေါင်း ၃၀ ကို ၁၅ နှစ် တူးဖော်ရှာဖွေခွင့် ကန်ထရိုက်စာချုပ်များ ချုပ်ဆို၍ ခွင့်ပြု ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။
ထို့အတူ အိန္ဒိယ Ridge ၏ အနောက်တောင်၊ ဗဟိုအိန္ဒိယ Ridge နှင့် အတ္တလန္တိတ်သမုဒ္ဒရာ အလယ်ပိုင်း ရှိ Ridge အစရှိသော ပင်လယ်သမုဒ္ဒရာများတွင် Poly- metallic Sulphides များ ရှာဖွေရန် ခွင့်ပြုချက်များချပေးခဲ့ ပြီးဖြစ်သည့်နည်းတူ Cobalt-rich Ferromanganese ရှာဖွေရန် လျှောက်လွှာများကိုလည်း စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်တွင် သတ္တု သယံဇာတရှာဖွေလုပ်ကိုင်ရန်အတွက် Clipperton Fractrue Zone၊ အိန္ဒိယသမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် တောင်ပိုင်းဧရိယာ၊ ပစိဖိတ်သမုဒ္ဒရာတို့ကို သတ်မှတ်ထားပါသည်။ ယင်းသတ်မှတ်ထားသော သမုဒ္ဒရာများတွင် Polymetallic NodulesPolymetallic Sulphides နှင့် Cobalt- rich Ferromanganese Crusts များ ရှာဖွေထုတ်လုပ်ရန်အတွက် လုပ်ကွက်များနှင့် အကျယ်အဝန်းဧရိယာများကို ကန်ထရိုက်တာများအား သတ်မှတ်ခွင့်ပြုကြောင်း သိရှိရပါသည်။


ကန်ထရိုက် စာချုပ်စီမံခန့်ခွဲရေးယူနစ်

ဤလုပ်ငန်း၊ လုပ်ကွက်များအား ကြိုတင်ပြင်ဆင်ရေး၊ အကောင်အထည်ဖော်ရေးဆိုင်ရာ စီမံခန့်ခွဲခြင်းလုပ်ငန်း များဆောင်ရွက်ရန်အလို့ငှာ အာဏာပိုင်အဖွဲ့၏ လက် အောက်တွင် “ကန်ထရိုက် စာချုပ်စီမံခန့်ခွဲရေးယူနစ်”ကိုဖွဲ့ထားပြီး ယင်းယူနစ်သည် ကန်ထရိုက်တာများ၊ ကမ ကထပြုသော၊ တာဝန်ခံသော နိုင်ငံများနှင့် အတွင်းရေး မှူးရုံးတို့အကြား ဆက်သွယ်ပေးရပါသည်။ လုပ်ငန်းစီမံ ချက်၊ ကန်ထရိုက်စာချုပ်များ သက်တမ်းတိုးရန် လျှောက် ထားခြင်းကိစ္စများကိုလည်း အဆိုပါယူနစ်က တာဝန်ယူ ဆောင်ရွက်ရပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေးအုပ်စုများသည် နည်းပညာဆိုင်ရာ အကူအညီရရှိလိုပါက ဈေးကွက် အတွင်းရှာဖွေခြင်း သို့မဟုတ် ပူးတွဲလုပ်ကိုင်ခြင်းဖြင့် မျှတ သော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စည်းကမ်းချက်များ မှတစ်ဆင့် ရယူနိုင်ပါသည်။ ဤနည်းလမ်းဖြင့် ရယူရန် မဖြစ်နိုင်ပါက တရားမျှတ၍ ကျိုးကြောင်းဆီလျော်သောကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များဖြင့် နည်းပညာများ ရယူနိုင်ရေးအတွက် ကန်ထရိုက် တာများ၊ ယင်းတို့အား ကြီးကြပ်တာဝန်ယူသောနိုင်ငံများ နှင့် အာဏာပိုင်အဖွဲ့က ကြားဝင်၍ ညှိနှိုင်းပေးနိုင်ပါသည်။


ခြုံငုံသုံးသပ်ရပါလျှင် အာဏာပိုင်အဖွဲ့သည် နိုင်ငံတကာစီးပွားရေးလုပ်ငန်းအဖွဲ့ကြီးများကို ကြီးကြပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်ဧရိယာတွင် လုပ်ကိုင်နေသော လုပ်ငန်းများကို စီမံခြင်း၊ ထိန်းချုပ်ခြင်း တို့ကို ဆောင်ရွက်သည်ဟု ဆိုရပါမည်။


စိန်ခေါ်မှုများနှင့် အခြားလေ့လာတွေ့ရှိချက်များ

အာဏာပိုင်အဖွဲ့က တာဝန်ယူကြီးကြပ်ဆောင်ရွက် နေသော ရေနက်ပိုင်းပင်လယ်ကြမ်းပြင်ရှိ သတ္တု၊ သယံဇာတအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နိုင်ငံတကာစီးပွားရေး လုပ်ငန်းကြီးဟု ခေါ်ဆိုနိုင်သော လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအားလုံး၏ အနာဂတ်စီးပွားရေး အကျိုးအမြတ်အတွက် ဦးတည်နေ သော အရေးကြီးသည့် အဆင့်သို့ တက်လှမ်းနေပြီဖြစ် ကြောင်း တွေ့ရှိရပါသည်။ သုတေသနလုပ်ငန်းများက ပေါ်ထွက်လာသည့် အနီးစပ်ဆုံး တွက်ချက်ခန့်မှန်းထား သော ဒေတာအချက်အလက်များမှာ အားရဖွယ်ဖြစ်သကဲ့ သို့ ကြီးမားသော စိန်ခေါ်မှုများကို ပိုမိုတွေ့ကြုံရမည့် အနေအထားမှာလည်း ပေါ်လွင်နေပါ သည်။ ယခုပင်လျှင် အခက်အခဲမျိုးစုံနှင့် ရှုပ်ထွေးသည့် တုံ့ပြန်ချက်များကို ရင်ဆိုင်နေကြရပြီး လုပ်ငန်းများ အကောင်အထည်ဖော်ရန် အချိန်ကာလနီးကပ်လာသည်နှင့်အမျှ နောက်ဆက်တွဲ ပြဿနာများ၊ အထူးသဖြင့် လူသားတစ်ရပ်လုံး၏ အကျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များမှာလည်း ပိုမိုခက်ခဲလာနိုင်ပါသည်။


အဓိကကြုံတွေ့ရသည့် ပြဿနာများမှာ Enterprise အဖွဲ့၏ ပင်လယ်ရေနက်ပိုင်း သတ္တု၊ သယံဇာတရှာဖွေရေး အတွက် လိုအပ်သော ငွေကြေးရင်းနှီးမြှုပ်နှံမှုရရှိရေး၊ သဘာဝသယံဇာတ အရင်းအမြစ်များ မထိခိုက်စေရေး အကာအကွယ်ပေးရေး ကိစ္စတို့ပါဝင်ပါသည်။ ထို့အတူ UNCLOS ကွန်ဗင်းရှင်း၏ အနာဂတ်ရည်မှန်းချက်ဖြစ်သော “လူသားတို့၏ ဘုံအမွေအနှစ်” သဘောတရားမှ ပေါက်ဖွား လာမည့် စီးပွားရေးအကျိုးအမြတ်များကို တရား မျှတစွာနှင့် လက်တွေ့အညီအမျှ ခွဲဝေပေးရေးသည် အာဏာပိုင်အဖွဲ့က ရင်ဆိုင်ရမည့် ကြီးမားသောပြဿနာ တစ်ရပ်အဖြစ် သုံးသပ်ကြပါသည်။


အထူးသဖြင့် စီးပွားရေးလုပ်ငန်းအုပ်စုကြီးများ၏ စီးပွားရေးအမြတ်အစွန်းနှင့် Enterprise လုပ်ငန်းအဖွဲ့ အရင်းအနှီးအတွက် အခွန်ကောက်ခံရေးနှင့် စီမံချက် ဆိုင်ရာ ယန္တရားတစ်ရပ် ထူထောင်ရေးကိစ္စမှာလည်း နိုင်ငံများအကြား သဘောထားကွဲလွဲမှုနှင့် အခက်အခဲများ ရှိနေသည်ဟု သုံးသပ်မိပါသည်။ အာဏာပိုင်အဖွဲ့က အခြားရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ ပင်လယ်နက်ပိုင်းမှ ရှာဖွေရရှိသော သယံဇာတများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ လက်ရှိအဓိကအားထားနေသော အမျိုးတူ သယံဇာတမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်နှင့် စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်မှု မဖြစ်စေရေးအတွက် ကြိုတင်အကာအကွယ်ပေးမည့်အစီအစဉ်များ ချမှတ်ရေးဖြစ်ပါသည်။
ထို့အတူ နောင်တွင် ပင်လယ်ကြမ်းပြင်မှ တူးဖော် ထုတ်လုပ်မည့် သတ္တုများကြောင့် လက်ရှိဖွံ့ဖြိုးဆဲနိုင်ငံ များက ထုတ်လုပ်ရောင်းချနေသော ကမ္ဘာ့ဈေးကွက် အတွင်း ဈေးနှုန်းများကျဆင်းမည့် အလားအလာကို တွက်ချက်ခြင်း၊ နိုင်ငံများ၏ ပြည်ပပို့ကုန်အရေအတွက်နှင့် ယင်းမှရရှိသော ငွေကြေးအကျိုးအမြတ်အား ထိခိုက်လျော့နည်းစေမည့်ပြဿနာများကို မျှော်မှန်းတွက်ဆရ ခြင်းသည်လည်း အာဏာပိုင်အဖွဲ့အတွက် ခက်ခဲသော လုပ်ငန်းဖြစ်ပါသည်။


ကောင်းမွန်သော ရည်မှန်းချက်

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်် စက်မှုလုပ်ငန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ဖော် ထုတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းအပါအဝင် ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ပေးရေး အစီအစဉ်များသည် အလွန်ကောင်းမွန်သော ရည်မှန်းချက် ဖြစ်ခြင်းကြောင့် လက်တွေ့ဖော်ဆောင်ရန်လိုပါသည်။ အထူးသဖြင့် နည်းပညာအားနည်းသည့် သို့မဟုတ် မပြည့်စုံသည့် နိုင်ငံများအပေါ် နည်းပညာအထောက်အပံ့ ပေးရေး အစီအစဉ်မှာလည်း အမှန်တကယ်လုပ်ဆောင်ရန် အရေးကြီးသော ရည်မှန်းချက်ဟု ဆိုနိုင်ပါသည်။
မည်သည့်အခက်အခဲများရှိသည်ဖြစ်စေ ကမ္ဘာ့နိုင်ငံ အများစုတို့သည် ရှားပါး၊ အဖိုးတန်သည့် သယံဇာတများကို အပြည်ပြည်ဆိုင်ရာပင်လယ်ကြမ်းပြင်၌ ရှာဖွေထုတ်လုပ် ရန်အလို့ငှာ သုတေသန ပြုလုပ်ခြင်း၊ ဒေတာ၊ အချက် အလက်များစုဆောင်းခြင်း၊ စက်ပစ္စည်းကိရိယာကြီးများသယ်ယူခြင်းစသော ပြင်ဆင်မှုလုပ်ငန်းများကို စတင်နေ သည်မှာ အရှိန်ရနေကြပြီဖြစ်ပါသည်။


အထူးသဖြင့်် ရေအနက်မီတာ ၈၀၀ နှင့် ၃၀၀၀ အကြား၊ ရေအနက်မီတာ ၃၀၀၀ နှင့် ၃၅၀၀ အကြား တွေ့ရှိနိုင်သော သယံဇာတအမျိုးအစားများ၏ အရေ အတွက်နှင့် နောင်နှစ်ပေါင်းများစွာ ကြာမြင့််သည့်တိုင် တစ်ကမ္ဘာလုံးအသုံးပြုနိုင်မည့် “အရန်” အရေအတွက်ကို လည်းကောင်း၊ လက်ရှိကုန်းပိုင်းထုတ်လုပ်မှု အရေ အတွက်၊ အရည်အသွေးတို့နှင့် နှိုင်းယှဉ်လေ့လာခြင်းကို လည်းကောင်း၊ သယံဇာတအမျိုးအစားများ အများဆုံး တွေ့ရှိနိုင်မည့် ပင်လယ်သမုဒ္ဒရာနေရာများနှင့် တွေ့နိုင် မည့် အရေအတွက်ကိုလည်းကောင်း၊ ပဏာမဆန်းစစ်ခြင်း၊ လေ့လာခြင်းများကို ကမ္ဘာ့စီးပွားရေးအုပ်စုကြီးများနှင့်် နိုင်ငံတကာကုမ္ပဏီကြီးများက လုပ်ကိုင်ရန် ပြင်ဆင်နေ ကြသည်မှာ အားကျဖွယ်ဖြစ်ပါသည်။


ရေအနက်မီတာ ၅၀၀ တွင် တွေ့ရန် အလားအလာ ရှိသော သတ္တုသယံဇာတများအတွက် ပင်လယ်ဆိုင်ရာ စမ်းသပ်မှုများကိုပင် စတင်နေသည့် နိုင်ငံအချို့ရှိနေပြီ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ သတ္တုတူးဖော်ခြင်း လုပ်ငန်းတွင် လိုက်နာကြရမည့် ပြည်တွင်းဥပဒေများကို လည်း နိုင်ငံအများအပြားတို့က ပြဋ္ဌာန်းပြီးဖြစ်ပါသည်။ ထိုသို့ ဥပဒေပြဋ္ဌာန်းသည့် ရည်ရွယ်ချက်မှာ အာမခံ တာဝန်ယူရသော နိုင်ငံများလိုက်နာရမည့် ကျိုးကြောင်း ပြည့်စုံပြီး သင့်လျော်သော အစီအမံများကို သတ်မှတ် ခြင်းနှင့် အဏ္ဏဝါပတ်ဝန်းကျင်အား ထိခိုက်မှု မဖြစ်စေရေး အတွက် အကာအကွယ်ပေးရမည့် တာဝန်ကိုသတ်မှတ်ခြင်း ဖြစ်ပါသည်။


သတ္တုရှာဖွေရေးဆိုင်ရာ အက်ဥပဒေ

အာရှနိုင်ငံများအနက် စင်ကာပူနိုင်ငံသည်သာလျှင် ရေနက်ပိုင်းပင်လယ်ကြမ်းပြင်ရှိ သတ္တုရှာဖွေရေးဆိုင်ရာ အက်ဥပဒေကို စောစီးစွာ ပြဋ္ဌာန်းခဲ့ပြီး ၁ -၄ - ၂၀၁၅ ရက်နေ့ကပင် စတင်အာဏာသက်ဝင်နေပြီဖြစ်ပါသည်။ ထိုဥပဒေတွင် သယံဇာတရှာဖွေရေး လုပ်ငန်းများအား တာဝန်ခံရသော နိုင်ငံ၏ အခန်းကဏ္ဍနှင့် ဥပဒေအရ “ထိုက်သင့်သော ဝီရိယနှင့် ကြိုးပမ်းအားထုတ်မှု” (due diligence ) တာဝန်ကိုသတ်မှတ်ထားပါသည်။ ထို့အပြင် လုပ်ငန်းဆောင်ရွက်လိုကြသော စင်ကာပူကုမ္ပဏီများသည် ယင်းအစိုးရထံသို့ လိုင်စင်လျှောက်ထားရန်နှင့် လျှောက် ထားရန် အရည်အချင်းများကိုလည်း သတ်မှတ်ထား ကြောင်း တွေ့ရှိရပါသည်။

အာဏာပိုင်အဖွဲ့သည် ယင်း၏ လုပ်ငန်းအစီအစဉ် များကို ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ချမှတ်ထားပါ သည်။ အဆိုပါအစီအစဉ်များတွင် ၂၀၁၇-၂၀၂၀ ပြည့်နှစ် အတွက် နည်းပညာဆိုင်ရာ ကောက်နုတ်ဖော်ပြချက်များ၊ တစုတဝေးတည်း ပေါင်းစပ်ထားသည့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ မဟာဗျူဟာလေ့လာဆန်းစစ်ချက်များ၊ ၂၀၁၈-၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာ့သမုဒ္ဒရာများအား ဒုတိယအကြိမ်လေ့လာဆန်းစစ်ချက် ထုတ်ပြန်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်း များ ဖော်ထုတ်ရန်နှင့် မြှင့်တင်ရန်အတွက် သတင်း ဖြန့်ဖြူးခြင်း၊ နိုင်ငံများက ထည့်ဝင်ကြေးပေးဆောင်ခြင်းနှင့် အာဏာပိုင်အဖွဲ့၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသော အသိပညာပေးလုပ်ငန်းများ မြှင့်တင်ခြင်းတို့ကို သတ်မှတ် ထားကြောင်း သိရှိရပါသည်။

နည်းပညာဆိုင်ရာ ကောက်နုတ်အကြံပြုချက်များ သည် The First Global Integrated Marine Assessment (WOAI) အပေါ် အခြေခံပြီး အစိုးရအဖွဲ့များ၏ ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အထောက်အပံ့ပြုရန် ရည်ရွယ်ပါသည်။ အဓိကအားဖြင့် (က) ၂၀၃၀ ရည်မှန်းချက်အဖြစ် သတ်မှတ် ထားသော သမုဒ္ဒရာနှင့် Sustainable Development Goals (SDGs)၊ (ခ) အဏ္ဏဝါပတ်ဝန်းကျင်တည်တံ့ခိုင်မြဲ ရေးနှင့် ထိန်းသိမ်းရေး၊ (ဂ) သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ပင်လယ်သမုဒ္ဒရာများအပေါ် အကျိုး သက်ရောက်မှုဂယက်စသည့် ကဏ္ဍ(၃) ရပ်အတွက် ရည်ရွယ်ပါသည်။

WOAI အတွက် ပြင်ဆင်ဆောင်ရွက်ရာတွင် ကျွမ်းကျင် သူအုပ်စုများ၊ ကျွမ်းကျင်သူပညာရှင်များ စုစည်းထားသည့် အဖွဲ့များ ဖွဲ့စည်းရန် အကြံပြုထားပါသည်။ကြိုတင်ပြင် ဆင်မှုအဖြစ် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လေ့လာဆန်းစစ်ခြင်းတို့ ပါဝင်ပါသည်။

အရေးကြီးဆုံးအချက်မှာ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ပြဿနာများနှင့် ဆက်စပ်ကိစ္စများကို ဖြေရှင်းရာတွင် နိုင်ငံများအကြား ညှိနှိုင်းခြင်း၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ဖော်ဆောင် နိုင်မည်ဖြစ်ပါသည်။ ဤသို့ကြိုးပမ်းကြရာတွင် (က) ကမ်းရိုးတန်းနိုင်ငံများနှင့်် ဆက်စပ်နိုင်ငံများအကြား ရပိုင် ခွင့် အခွင့််အရေးများကို ကျိုးကြောင်းညီညွတ်မျှတစွာ ချင့်ချိန်ရန်၊ (ခ) အဏ္ဏဝါဖွံ့ဖြိုးတိုးတက်ရေးနှင့် အဏ္ဏဝါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရေး ရည်မှန်းချက်နှစ်ခုအကြား မျှတစွာ ချင့်ချိန်ရန်၊ (ဂ) အဏ္ဏဝါဆိုင်ရာ သယံဇာတများ ထုတ်ယူသုံးစွဲခြင်းနှင့် အဏ္ဏဝါအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့အကြား မျှတစွာ ချင့်ချိန်ရန်၊ (ဃ)မတူကွဲပြားသော ရေကြောင်း ကဏ္ဍများအကြား မျှတစွာ ချင့်ချိန်ရန်လိုပါ သည်။ အရေးပါသော သတ်မှတ်ချက်မှာ သဘာဝပတ်ဝန်း ကျင် ကာကွယ်ရေးအတွက် ကုလသမဂ္ဂကချမှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ မူဘောင်အတွင်းမှ ဆောင်ရွက်ကြရန်သာ ဖြစ်ပါသည်။
မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနိုင်ငံများ ပါဝင်သော BIMSTEC စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့က ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့သော ထိပ်သီး ညီလာခံ၏ ကြေညာချက်တွင် ဘင်္ဂလားပင်လယ်အော် ဒေသ၏ ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေး၊ ရေရှည် တည်တံ့ခိုင်မြဲရေးကို မြှင့်တင်ရန် သက်ဆိုင်သော နိုင်ငံ များ၏ ပူးပေါင်းဆောင်ရွက်မှု၊ နက်ရှိုင်းသော ပေါင်းစည်းမှု များမှတစ်ဆင့် BIMSTEC အဖွဲ့အတွက် ထိရောက် ကောင်းမွန်သော ရလဒ်များ ဖော်ထုတ်နိုင်ရေးအလို့ငှာ ခိုင်မာသော ကတိကဝတ်များ ချမှတ်ပြီးဖြစ်ပါသည်။


အာဆီယံ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား အပြန် အလှန်နားလည်မှု၊ ယုံကြည်မှု၊ အားလုံးအကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့၏ လုပ်ငန်းများတွင် ပိုမိုပါဝင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။