နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ရန်အောင်ရောင်းဝယ်ရေး သမဝါယမအသင်းဆိုင် နှင့် မေတ္တာမွန် ရောင်းဝယ်ရေး သမဝါယမအသင်းဆိုင်တို့မှ ယနေ့တွင် (၁၀၁)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် အသင်းသူ အသင်းသားများအား ဆန်၊ ဆီ၊ ဆား၊ လူသုံးကုန်များနှင့် အခြေခံစားသောက် ကုန်များကို ပြင်ပပေါက်စျေးထက်သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်