ရန်ကုန်   နိုဝင်ဘာ  ၁၇

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊  စွယ်တော်ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဝင်းအတွင်း မြေထိန်းနံရံတည်ဆောက်နေမှု၊ လမ်းများကွန်ကရိခင်းနေမှု၊ ကျောင်းဆောင်များ ဆေးသုတ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ငွေရတုအထိမ်းအမှတ်ကျောက်တိုင်ဘေးလမ်းအား ကတ္တရာကွန်ကရိ (AC)ခင်းရန်၊ မြက်ခင်းနှင့် အလှပန်းပင်များစိုက်ပျိုး၍ မြေယာရှုခင်းဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)