ရန်ကုန်၊ ဇန်နဝါရီ ၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဘာဝနာမဟာသဘာ တရားထိုင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သြဝါဒါစရိ ယအဖွဲ့ ဥက္ကဋ္ဌ၊ တက္ကသိုလ်အဓိပတိ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမ ဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် တက္ကသိုလ် သြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တက္ကသိုလ်ဒုတိယအဓိပတိ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဩဝါဒါ စရိယအဖွဲ့ဝင်ဆရာတော်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ကောင်စီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ တက္ကသိုလ်ကောင်စီဝင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က နိုင်ငံတော်အစိုးရသည် စစ်မှန်သော ထေရဝါဒ ဗုဒ္ဓသာသနာတော် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်ပွားစေရန် သင်္ဂါယနာခြောက်တန် တင်ထေရဝါဒပိဋကတ် စာပေများကိုမူရင်းအတိုင်း လေ့လာသင်ယူခွင့်ရရှိပြီး လိုက်နာကျင့်သုံး နိုင်စေရန် ရည်မှန်းချက်ဖြင့် ပြည်တွင်းပြည်ပမှ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များကို ဤတက္ကသိုလ် ကြီးတွင်အခမဲ့ လေ့လာသင်ယူစေလျက် ရှိကြောင်းနှင့် တက္ကသိုလ်အတွက် လိုအပ်သည့် သင်ကြားရေးရာ၊ စီမံရေးရာကိစ္စရပ်များကို တက္ကသိုလ် ဩဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများက လိုအပ်သလို ဩဝါဒများ ချီးမြှင့်ပေးတော်မူပါရန် လျှောက်ထားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် သြဝါဒါစရိယ အဖွဲ့ဥက္ကဋ္ဌ၊ တက္ကသိုလ်အဓိပတိ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်၊ ဒုတိယဥက္ကဋ္ဌ၊ တက္ကသိုလ် ဒုတိယအဓိပတိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်နှင့် တက္ကသိုလ်သြဝါဒါစရိယအဖွဲ့ဝင် ဆရာတော်ကြီးများက သြဝါဒကထာများ မြွက်ကြားချီးမြှင့်တော်မူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် ကြွရောက်တော်မူ လာကြသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သြဝါဒါစရိယ ဆရာတော်ကြီးများကို နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အပြည် ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ သြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တက္ကသိုလ် ဒုတိယအဓိပတိ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်