ရန်ကုန် မတ် ၁၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) သင်တန်းမှ မဟာဝိဇ္ဇာတန်းအထိ ဒုတိယနှစ်ဝက် အတန်းတင် စာမေးပွဲများကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် တက္ကသိုလ်ရှိ စာသင်ခန်းမအသီးသီး၌ စတင်ကျင်းပသည်။  
 
အတန်းတင်စာမေးပွဲများတွင် ပြည်တွင်း/ပြည်ပမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၂၅၅ ပါး/ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြပြီး စာမေးပွဲဖြေဆိုနေမှုများကို ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒနှင့် သင်ကြားဆရာတော်ကြီးများ၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်