မန္တလေး ၂၁ ဇွန်

 

မန္တလေးမြို့မှာ ဆဋ္ဌမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ကို ဂုဏ်ပြု‌သောအားဖြင့် အိမ်မှာနေ၍ ယောဂအားထုတ်ခြင်းဟု အဓိပ္ပာယ်ဖော်ဆောင်ကာ ယောဂ‌လေ့ကျင့်ခန်းအား မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ရုံးမှဦးဆောင်ကာ Facebook page မှ live လွှင့်၍ ယောဂလေ့ကျင့်ခန်းများပြသခဲ့ပါသည်။

 

အဆိုပါယောဂလေ့ကျင့်ခန်းအား Facebook page မှ live ပြသရာတွင် COVID -19 ရောဂါကာလအတွင်းဖြစ်သည့်အတွက် အသက်ရှူလေ့ကျင့်ခန်းများကို အဓိကထားပြသပေးခြင်းနှင့်အတူ စိတ်တည်ငြိမ်အေးချမ်းစေရန်အတွက် နည်းလမ်းများကိုပါ ထည့်သွင်းပြသပေး‌‌ကြောင်း သိရပါသည်။

 

#မန္တလေးသတင်းဌာနခွဲ

#MRTV

 

mdn