ဂျကာတာ ဒီဇင်ဘာ ၁၁
Apple က ၎င်း၏နောက်ဆုံးထွက် iPhone ၁၆ မော်ဒယ်အတွက် ဈေးကွက်ရရှိရန် ကမ္ဘာ့စတုတ္ထ လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီး မြှုပ်နှံရန် သဘောတူခဲ့သည်ဟု ဝန်ကြီးတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက် သည်။
အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ရိုဆန်ရိုဆလန်နီက အဆိုပြု ရင်းနှီးမြှုပ်နှံမှုပုံစံနှင့် ရောင်းချ သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားပြီး Apple နှင့် စာတိုပေးပို့သည့် အက်ပလီကေးရှင်း များမှတစ်ဆင့် ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
ဆက်သွယ်ဆွေးနွေးမှုများသည် အသေးစိတ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Apple သည် ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို ၂၀၂၆ အစောပိုင်းတွင်စတင်ရန် စီစဉ်ထားသော်လည်း အင်ဒိုနီးရှားအစိုးရက Apple ကုမ္ပဏီအား ခပ်စောစောစရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆင်ဟွာ