၂၆ မေ
Samsung မှ မူပိုင်ခွင့်ချိုးဖောက်မှုများနှင့် ၂၀၁၁ ခုနှစ်မှ စတင်ကာ တရားရင်ဆိုင်နေရပြီး ယခုအခါအမေရိကန် ဗဟိုတရားရုံးမှ အမေရိကန် ဒေါ်လာ ၅၃၉ သန်းကျော်ကို လျော်ကြေးပေးဆောင်ရန် အမိန့်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။
Apple ကုမ္ပဏီမှ ထုတ်လုပ်လိုက်သော မိုဘိုင်းဖုန်းများ၏ ပုံစံဒီဇိုင်းများကို လိုက်လံတုပသည်ဟုဆိုကာ Samsung ကို တရားစွဲဆိုထားသည်မှာ ခုနစ်နှစ်ခန့်ကြာပြီးနောက် ယခုကဲ့သို့အမိန့်ချခဲ့ပြီး ယခင်ကလည်း Samsung မှ အမေရိကန်ဒေါ်လာသန်း၁၂၀ ကျော်ကို Apple ထံ လျော်ကြေးပေးဆောင်ခဲ့ရခြင်းလည်း ရှိကြောင်း သိရသည်။
Iphone များ၏ ကိုယ်ထည်ဒီဇိုင်းနှင့်ဘေးပေါင် တပ်ဆင်ထားမှု ဒီဇိုင်းများ၊မျက်နှာပြင် အပြင်အဆင်ဒီဇိုင်းများကို Sam sung ဖုန်းများတွင် တုပကာ ထည့်သွင်းထုတ်လုပ်ထားသည်ဟု စွပ်စွဲချက်ဖြင့် တရားဆွဲဆိုခြင်းခံထားရပြီး Apple သည် ၎င်းတို့ထုတ်လုပ်သော iphone များ၏ အသေးစိတ်ဒီဇိုင်းမှအစဖုန်းအတွင်းပိုင်းလုပ်ဆောင်ချက်များကိုပါ အသေးစိတ်မူပိုင်ခွင့်မှတ်ပုံတင်ထားသောကြောင့် ယခုကဲ့သို့ Samsung မှ လျော်ကြေးများ ပေးဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။
Apple မှ လျော်ကြေးငွေထက် ၎င်းတို့၏ ကြိုးစားအားထုတ်မှုများကို ကာကွယ်လို၍ ယခုကဲ့သို့တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ALEX