mdn

ရန်ကုန် ၂၃ နိုဝင်ဘာ

 

မြန်မာနိုင်ငံ စိတ်ပညာအသင်းက ကြီးမှူးဖွင့်လှစ်သည့် Applying Psychology to Criminal Justice System Training ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပန်ဒါဟိုတယ်၌ ကျင်းပသည်။

 

အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ပန်ဒါဟိုတယ်၌ ပို့ချပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်တွင် ပါမောက္ခဒေါ်ခင်မျိုးအောင်က Crime and Psychology ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက်တွင် ပါမောက္ခ ဒေါ်ညွန့်ညွန့်သီက Applying Psychology to Justice System ဘာသာရပ်ကို လည်းကောင်း ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းသို့ HR Manager ၊ Manager ၊ ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ၊ ဥပဒေကျောင်းသူ၊ တက္ကသိုလ်ကထိက၊ Project Officer ၊ အကောက်ခွန်ဦးစီးဌာနနှင့် ပြင်ပအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၁ ဦး တက်ရောက်ကြကြောင်း သိရသည်။ 

 

မော်စီ