အပူချိန်မြှင့်နေတဲ့ ဥရောပတခွင်

၂၅ ဇွန်

ဥရောပနိုင်ငံများမှာ အခုသီတင်းပတ်အတွင်းမှာ အပူချိန်မြင့်မားမယ်လို့ ခန့်မှန်းထားပါတယ်။ ပြင်သစ် မိုးလေဝသပညာရှင်တွေရဲ့ အဆိုအရ ဆာဟာရဘက်က လာတဲ့ လေပူတွေဟာ ဥရောပရဲ့နွေကို အပူချိန်မြင့်စေတဲ့အတွက် အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်နိုင်ကြောင်း သိရပါတယ်။ မနေ့က (တနင်္လာနေ့) ကစပြီး သိပ်ထားတဲ့ ပန်ကာတွေ ပြန်လည်အသုံးပြုရသလို ရေပန်းတွေရှိရာမှာ အပူသက်သာအောင် လုပ်နေကြရပါတယ်။

 

mdn

 

အပူချိန်မြင့်လာတဲ့အတွက် ဆေးရုံတွေမှာ ပြင်ဆင်ထားသလို အထူးသဖြင့် ကလေးသူငယ်တွေနဲ့ အသက်အရွယ်ကြီးသူတွေဟာ အပူရှပ်တာမျိုး မဖြစ်အောင် ဂရုစိုက်ဖို့ တာဝန်ရှိသူတွေက နှိုးဆော်နေပါတယ်။ 

လာမယ့် ကြာသတေးနဲ့ သောကြာနေ့တွေမှာ အပူချိန်ဟာ အမြင့်ဆုံးဖြစ်နိုင်တဲ့အတွက် အစိုးရကျောင်းတွေရဲ့ စာမေးပွဲဖြေမယ့်ရက်ကို လာမယ့် တနင်္လာ၊ အင်္ဂါအထိ နောက်ဆုတ်ထားကြောင်း ပြင်သစ်ပညာရေးဝန်ကြီးက ပြောကြားပါတယ်။ 

 

mdn

 

ပဲရစ်မြို့မှာ လူအများ နားနေရန်နဲ့ အပူရှောင်နိုင်တဲ့ အအေးခန်းများ၊ ယာယီရေပန်းများတည်ဆောက်ခြင်းတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အိုးအိမ်မဲ့တွေကို ရေဖြန့်ဝေပေးတာမျိုးနဲ့ မူကြိုကျောင်းနဲ့ ကျောင်းတွေမှာ ပန်ကာ တပ်ဆင်ခြင်းများ လုပ်ဆောင်နေပါတယ်။ 

ပြင်သစ်နိုင်ငံမှာ ၂၀ဝ၃ ခုနှစ်က အပူလှိုင်းဖြတ်တဲ့အတွက် လူပေါင်း တစ်သောင်းငါးထောင်သေဆုံးခဲ့ဖူးပါတယ်။

MDN
ကိုးကား- AFP

 

mdn