အပူချိန်မြင့်တက်ခြင်းက ငှက်တွေကို အရွယ်အစားသေးစေနိုင်

နယူးယောက် ၃၁ ဇန်နဝါရီ


အပူချိန်တွေ မြင့်တက်လာခြင်းဟာ ငှက်တွေရဲ့ အရွယ်အစားကို သေးငယ်စေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပြီး ပူနွေးလာတဲ့ ကမ္ဘာကြီးပေါ်က ငှက်တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြတယ်လို့ ဆင်ဟွာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။


The Auk ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သြစတေးလျ သုတေသနအသင်းတစ်ခုကနေ ကမကထပြု လေ့လာချက် အသစ်တစ်ရပ်အရ အပူလွန်ကဲလာမှုဟာ အအေးထက် ငှက်တွေရဲ့ အရွယ်အစားကို ပိုပြီး အကျိုးသက်ရောက်မှု ရှိစေတယ်လို့ သိရပါတယ်။


သြစတေးလျနဲ့ နယူးဇီလန်တစ်ဝန်း နေရာပေါင်း ၃၀ မှာရှိတဲ့ အရွယ်ရောက် အိမ်နေစာကလေး အကောင် ၄၀ ခန့်ကို သုတေသီတွေ လေ့လာဆန်းစစ်ချက်အရ ပြင်းထန်တဲ့ အအေးပိုင်း ရာသီဥတုထက် ပူနွေးတဲ့ နွေရာသီပိုင်း နေရာတွေက ငှက်တွေဟာ အရွယ်အစား ပိုမိုသေးငယ်ကြကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ပူးနွေးတဲ့ နေရာတွေမှာ ရှိတဲ့ ငှက်ပေါက်လေးတွေဟာ အရွယ်ရောက်လာတဲ့အခါ သေးငယ်ကြပြီး ဆောင်းတွင်း တစ်တွင်းလုံးမှာလည်း အဲဒီလိုပဲဖြစ်နေတယ်လို့ လေ့လာမှုက ဆိုပါတယ်။


အဲဒီလိုဖြစ်တာဟာ လိုက်လျောညီထွေတဲ့ တုံ့ပြန်ချက် တစ်ရပ်ဖြစ်နိုင်ပြီး တိရစ္ဆာန်တွေကို ပြောင်းလဲနေတဲ့ အခြေအနေနဲ့ ကိုက်ညီမှုရှိအောင် ဖန်တီးပေးနေသလို ဖြစ်နေတယ်လို့ ဆစ်ဒနီမှာရှိတဲ့ မက်ကွာရီတက္ကသိုလ်က သုတေသနနဲ့ လေ့လာရေးဘာသာရပ် အကြီးတန်း စာရေးဆရာ တစ်ဦးဖြစ်သူ ဆိုင်မွန် ဂရစ်ဖစ်က ပြောပါတယ်။


လေ့လာမှုကိုဦးဆောင်သူ ဒေါက်တာလောင်းလျာ ဆန်မျူရယ် အန်ဒရူးကလည်း ဂရစ်ဖစ်ရဲ့ အဆိုကို ထောက်ခံခဲ့ပါတယ်။


(MDN)

ကိုးကား-ဆင်ဟွာ