၃ အောက်တိုဘာ
တောင်ကိုရီးယားနိုင်ငံတွင် အပူပိုင်းမုန်တိုင်း မီတက် တိုက်ခတ်မှုကြောင့် လေးဦးသေဆုံးပြီး အခြား ၁၅၀၀ ကျော်မှာ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသည် တောင်ကိုရီးယားတောင်ပိုင်း ဂျိုလာပြည်နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက တိုက်ခတ်ခဲ့သည်ဟု တောင်ကိုရီးယား မိုးလေဝသဌာန က ဆိုသည်။
ယင်းမုန်တိုင်းသည် ယနေ့မနက် ၆ နာရီခန့်က ကျွန်းဆွယ်ဘက်သို့ ရွေ့လျားသွားပြီး ဂျပန်ပင်လယ်ပြင်သို့ ဦးတည်သွားသည်။
ထိုမုန်တိုင်း တိုက်ခတ်မှုကြောင့် အသက် ၇၀ နှစ်အရွယ် အဘွားတစ်ဦးမှာ Gyeongsang ပြည်နယ်ရှိ တူးမြောင်းထဲ မျောပါသွားခဲ့ကြောင်း၊ အခြားတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။
ထိုပြည်နယ်ရှိ အပန်းဖြေရထား တစ်စင်းမှာ ရထားလမ်းချော်ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူ မရှိကြောင်း ယွန်ဟပ်သတင်းအေဂျင်စီ က ဆိုသည်။
အဆောက်အဦများနှင့် နေအိမ် ၁၀၀ ကျော်မှာ ရေလွှမ်းမိုးခံခဲ့ရကြောင်း ဖော်ပြထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို