ရန်ကုန် ၂၆ ဇူလိုင်

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၀)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အုန်းတောခန်းမတွင် ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။ ဆက်လက်၍ စံပြဆုရ ရှိသူများကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။

သင်တန်းဆင်းပွဲသို့ ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၀)သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးအရာရှိအဆင့်ရှိ အရာထမ်းသင်တန်းသား (၆၂)ဦး၊ သင်တန်းသူ(၇၉)ဦး စုစုပေါင်း (၁၄၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၂)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်