ပြင်ဦးလွင် ဇူလိုင် ၂၄

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၈)နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၀၈)တို့၏ သင်တန်းဆင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပရာ သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုပြီး ဆက်လက်၍ ပါမောက္ခချုပ် ဦးကျော်စိုးအား အလေးပြုကြပါသည်။

 

ထို့နောက် ပါမောက္ခချုပ်က အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၈)တွင် သင်တန်းသား စံပြဆုရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သင်တန်းသားအမှတ်-၁၀၁၊ ဦးကျော်မြသိန်း(ဦးစီးအရာရှိ)အား လည်းကောင်း၊ သင်တန်းသူစံပြဆုရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သင်တန်းသူအမှတ်−၄၇၊ ဒေါ်ဗန်ဆွီးယဉ် (လက်ထောက်ကထိက) အားလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများအား လည်းကောင်း၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၀၈)တွင် သင်တန်းသား စံပြဆုရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ သင်တန်းသားအမှတ်-၂၇၆၊ ဦးအောင်ကောင်းခန့်ဖြိုး (အငယ်တန်းစာရေး)အား လည်းကောင်း၊ သင်တန်းသူစံပြဆုရ ပြည်ထဲရေးဝန်ကြီးဌာနမှ သင်တန်းသူအမှတ်-၁၆၁၊ ဒေါ်ယွန်းရတီဦး (အငယ်တန်းစာရေး) အားလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများအားလည်းကောင်း ဆုများချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ကာ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

 

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ ဌာနမှူးများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၂၄၄)ဦး၊ သင်တန်းသူ(၂၈၄)ဦး စုစုပေါင်း (၅၂၈)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်