ရန်ကုန် ၇ အောက်တိုဘာ
အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၁၀၄) (၁၀၅) (၁၀၆) နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ် (၁၈၃) (၁၈၄) (၁၈၅) (၁၈၆) တို့၏ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမတွင် ပြလုပ်ခဲ့ပြီး ပါမောက္ခချုပ် ဦးအောင်တင်စိုးက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခမှူး)များ၊ ဌာနမှူး/တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက် ကထိကများ၊ နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၁၀၄) (၁၀၅) (၁၀၆) နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၁၈၃) (၁၈၄) (၁၈၅) (၁၈၆) တို့ကို ရက်သတ္တ(၄)ပတ်ကြာ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


