ရန်ကုန် ဒီဇင်ဘာ ၆

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၁၂၄) သင်တန်းဖွင့်ပွဲကို Online Learning System ဖြင့် ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၁၂၄)သို့ သင်တန်းသား ၁၈၅ ဦး၊ သင်တန်းသူ ၂၁၈ ဦး စုစုပေါင်း ၄၀၃ ဦး တက်ရောက်ကြပြီး  ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊ ၂၀၂၃ ခုနှစ် မတ် ၆ ရက်မှ ၃၁ ရက်အထိ In-House Learning ဖြင့် လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်