ရန်ကုန် ၂၄  ဇွန် 


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမတွင် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၉၅)(၉၆)(၉၇)နှင့် စာရေးဝန် ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၁၇၉)(၁၈၀)(၁၈၁)(၁၈၂)တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ 


ယင်းသင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ဒုတိယပါ မောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ်(၉၅)(၉၆)(၉၇)နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၁၇၉)(၁၈၀)(၁၈၁)(၁၈၂)သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား (၁၇၀)ဦး၊ သင်တန်းသူ(၂၁၇)ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား(၂၂၉)ဦး၊ သင်တန်းသူ(၂၈၉)ဦး စုစုပေါင်း(၉၀၅)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)