နေပြည်တော် ၁၆ ဩဂုတ် 

အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၉၈) (၉၉) (၁၀ဝ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၊ နဝရတ်ခန်းမ၌ ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းသင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူး/ ပါမောက္ခ (ပညာဌာနမှူး) များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၉၈) (၉၉) (၁၀ဝ) သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့ အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူး အဆင့်ရှိ အရာထမ်းငယ် သင်တန်းသား (၁၆၅) ဦး၊ သင်တန်းသူ (၂၀၆) ဦး စုစုပေါင်း (၃၇၁) ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလ မှာရက်သတ္တ (၄) ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်