နေပြည်တော် ၉  ဇန်နဝါရီ

 

အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ် (၁၁၀)(၁၁၁)(၁၁၂)နှင့် စာရေးဝန်ထမ်း အခြေခံ သင်တန်းအမှတ်စဉ် (၁၉၁)(၁၉၂)(၁၉၃)(၁၉၄)တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ(၇)ရက် နံနက်(၈)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဖွင့်အမှာ စကား ပြောကြားသည်။

 

ယင်းသင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ၊ ကျောင်းအုပ်ကြီး/ ဒုတိယ ပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက် ကထိကများ၊ နည်းပြများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ ဒုတိယဦးစီးမှူး အဆင့်ရှိအရာထမ်းငယ် သင်တန်းသား(၂၀၃)ဦး၊ သင်တန်းသူ (၂၄၄)ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား (၂၄၈)ဦး၊ သင်တန်းသူ(၃၃၉)ဦးစုစုပေါင်း(၁၀၃၄)ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်