ရန်ကုန် ၂၁ ဇွန်
အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၉၂)(၉၃)(၉၄) နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၇၅)(၁၇၆)(၁၇၇)(၁၇၈)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃ ခန်းမ၌ ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းအမျိုးအစားများအလိုက် စံပြဆုရရှိသူ များကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။
ယင်းသင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက် ကထိကများ၊ နည်းပြများနှင့် အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ်(၉၂)(၉၃)(၉၄)နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ် (၁၇၅)(၁၇၆)(၁၇၇)(၁၇၈) သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား(၁၆၇)ဦး၊ သင်တန်းသူ(၂၁၈)ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား(၁၅၂)ဦး၊ သင်တန်းသူ(၂၆၂)ဦး စုစုပေါင်း(၇၉၉)ဦး တက်ရောက်ခဲ့ ပြီး သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)