အရာတော်မြို့၌ အိန္ဒိယဒန့်သလွန်မျိုး စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်လျက်ရှိ

အရာတော်၊  ၇   ဒီဇင်ဘာ

           

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ်၌ အိန္ဒိယဒန့်သလွန် ၆ လသီး စိုက်ပျိုးရာ ၌ မျိုးစေ့လေးမျိုးမှာ PKM1 ၊ PKM2 ၊ PK115 ၊ ODC3 တို့ဖြစ်ပြီး ၊ အိန္ဒိယမှ တိုက်ရိုက်လာသော မျိုးများ ဖြစ်သောကြောင့်၊ ယခုဈေးကွက်တွင် ဒန့်သလွန်သီး တစ်ပေခွဲအထက် တစ်သီးလျှင်  ၇၀ ကျပ် မှ ၁၅၀ ကျပ် အထိ ရရှိပါကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးရန်သင့်တော်သည့် မျိုးများဖြစ်ကြောင်း  သိရှိရသည်။

 

           

“ ဒန့်သလွန် စိုက်ပျိုးရာတွင် PKM1 ၁ စေ့ ၆၀ ကျပ်၊ PKM2 ၁ စေ့ ၈၀ ကျပ်နှင့် ODC3 ၁ စေ့ ၆၀ ကျပ် ဖြစ်ပါတယ်။ ဒန့်သလွန် ပျိုးပင်တစ်လခန့်တွင် မြေချစိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီး နှစ်လခွဲ သုံးလတွင် ဒန့်သလွန်အပွင့်များ စတင်ဖွင့်ပါတယ်။ လေးလခွဲငါးလတွင် အသီးများသီးပါတယ်။ ခြောက်လ ရောက်တဲ့အချိန်တွင် ဒန့်သလွန်အပင် တစ်ပင်လျှင် အသီး  ၁၀၀ နီးပါးသီးပါတယ်၊ ဒန့်သလွန်ပင် ကို မြေချစိုက်ပျိုးသည့်အချိန်မှစ၍ ရေ၀အောင်တိုက်ရတယ်၊ ပိုးမကျအောင်ထားရတယ်၊ ပေါင်းရှင်းအောင် ထားရပါတယ်။  ခြောက်လပြည့်လျှင် ယခုဈေးကွက်တွင် တစ်သီးလျှင်  ၇၀ ကျပ် မှ ၁၅၀ ကျပ် အထိ  ရှိပါကြောင်း ” မုံရွာခရိုင် အရာတော်မြို့မှ ကိုချစ်မုန်း က ပြောကြားသည်။

 

 

မွှေးကြူဇင်