အရာတော် နိုဝင်ဘာ ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာ ၃၄ ရွာတွင် စီမံကိန်းလုပ်ငန်း ၃၄ ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း အရာတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးထံမှ သိရသည်။

 

"မုံရွာမြို့နယ်မှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နဲ့ ကျေးရွာပေါင်း ၂၆ ရွာမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၅၀ ကို ဆောင်ရွက်ခဲ့ပါတယ်၊ VDP စီမံကိန်းရရှိတဲ့ ကျေးရွာတွေက အခြားကျေးရွာနဲ့ မတူဘဲ ပိုပြီးဖွံ့ဖြိုးလာတာ တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းက ကိုယ်တိုင်ကိုယ်ကျ ကျေးရွာနေပြည်သူတွေ ပူးပေါင်းဆောင်ရွက်ရတယ်၊ အဓိက ကျေးရွာရဲ့ လိုအပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးရွာနေ ပြည်သူတွေကိုယ်တိုင် ညီညီညွတ်ညွတ်နဲ့ အောင်မြင်အောင် ဆောင်ရွက်ပြီးတော့ လာမယ့်နှစ်တွေမှာလည်း ကျေးရွာရဲ့ အလိုအပ်ဆုံးလုပ်ငန်းကို နှစ်အလိုက်ရေးဆွဲပြီး ဆောင်ရွက်တဲ့အတွက် ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပါတယ်" ဟု အရာတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ပြောပြသည်။

 

အရာတော်မြို့နယ်အတွင်း ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၁ ခုဘဏ္ဍာနှစ်အထိ  VDP  စီမံကိန်းဖြင့် ကျေးရွာ ၃၄ ရွာတွင် ဂျင်းလမ်းခင်းခြင်းလုပ်ငန်း ၂၂ ခု၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း တစ်ခု၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်း ၇ ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ၄ ခု စုစုပေါင်းလုပ်ငန်း ၃၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယခု ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင်လည်း အရာတော်မြို့နယ်အတွင်းရှိ မနောယမကျေးရွာနှင့် ကျောက်ပျောက်ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)