အရာတော်၊        ၅          ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အုပ်ရှင်းကြီးနည်းပညာပေးစင်တာတွင် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဧရိယာအတွင်းရှိ တောင်သူများအား စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို ဇန်နဝါရီ ၅ ရက် နံနက် ၁၁ နာရီက ဖွင့်လှစ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်က အမှာစကားပြောကြားကာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသောင်းနိုင်က လယ်ယာမြေ ပိုင်ဆိုင်လွှဲပြောင်းမှုကိစ္စရပ်များအား ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာပညာရပ်များအား ရှင်းလင်းပို့ချ ပေးကြသည်။

 

အဆိုပါသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ နှစ်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာအုပ်စု ၁၁ အုပ်စုမှ တောင်သူ ၃၀ တက်ရောက်ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်တင်စိန်၏ ပြောပြချက်အရ သိရသည်။

 

သူရ(မြို့နယ်ပြန်/ဆက်)