မတ် ၁၃

အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများမြင့်တက်လာနေချိန်တွင် ဒေသတွင်း၌ပိတ်မိနေသူများအား ကူညီရန် ဂျပန်အစိုးရက ငှားရမ်းထားသောပဉ္စမမြောက်စင်းလုံးငှားလေယာဉ် တိုကျိုမြို့သို့ရောက်ရှိလာခဲ့သည်။

ဂျပန်နိုင်ငံသားများနှင့် အခြားနိုင်ငံသားများ အပါအဝင် လူ ၄၆ ဦးကို တင်ဆောင်လာသော အိုမန်နိုင်ငံမှ လေယာဉ်သည် ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် တိုကျိုမြို့ရှိ ဟာနီဒါလေဆိပ်သို့ ဆင်းသက်ခဲ့သည်။

ဂျပန်နိုင်ငံ၏ စင်းလုံးငှားလေယာဉ်များတွင် ရွှေ့ပြောင်းလာသူ စုစုပေါင်း ၈၈၂ ဦး ရှိလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ယနေ့ရောက်ရှိလာသော ခရီးသည်များတွင် တောင်ကိုရီးယားနိုင်ငံသား လေးဦးပါဝင်ကြောင်းနှင့် ဂျပန်အစိုးရသည် မကြာသေးမီက အိုမန်နိုင်ငံမှ လေယာဉ်နှစ်စင်း၊ ဆော်ဒီအာရေဗျနိုင်ငံမှ နှစ်စင်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စုမှ တစ်စင်းတို့ကို စင်းလုံးငှားခဲ့ကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံမှတာဝန်ရှိသူများသည် လက်ရှိတွင် ဆဋ္ဌမမြောက် လေယာဉ်တစ်စင်းကို စီစဉ်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို