အီရန်နှင့် တင်းမာမှုအရှိန်မြင့်တက်လာလျှင် အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၁၂၀ဝ၀ဝ ပို့ရန် အမေရိကန်အစိုးရက စီစဉ်နေသည်ဟူသော နယူးယောက်တိုင်းသတင်းစာ၏ သတင်းဖော်ပြမှုကို သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချခဲ့သည်။
အဆိုပါ သတင်းမှာ သတင်းမှားဖြစ်ကြောင်း ထရန့်က အင်္ဂါနေ့က ပြောကြားခဲ့သည်။
တပ်ဖွဲ့များကို အဆိုပါ နေရာသို့ ပို့ရန် အစီအစဉ်မရှိကြောင်း ၄င်းက ပြောကြားခဲ့သည်။
အီရန် သို့မဟုတ် အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် တပ်ဖွဲ့နှစ်ခုသည် ဆော်ဒီအာရေဗျပိုင် ရေနံတင်သင်္ဘောများကို တနင်္ဂနွေနေ့က တိုက်ခိုက်မှုနှင့် ပတ်သက်နိုင်ကြောင်း အမေရိကန်အစိုးရက သွယ်ဝိုက်ပြောဆိုသည်ဟု မီဒီယာအချို့က ဖော်ပြသည်။
အီရန်နိုင်ငံနှင့်စစ်ဖြစ်ရန် မရည်ရွယ်ကြောင်း၊ သို့သော်လည်း အမေရိကန်ပြည်ထောင်စု သို့မဟုတ် မဟာမိတ်များအပေါ် တိုက်ခိုက်လာလျှင် လက်တုံ့ပြန်ရန် သန္နိဌာန်ချထားကြောင်း အမေရိကန်အစိုးရက ပြောသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်