အစ္စတန်ဘူလ်  ဖေဖော်ဝါရီ  ၈

အရှေ့အလယ်ပိုင်းဒေသ  တင်းမာမှုများမြင့်တက်နေချိန် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် ဖေဖော်ဝါရီ  ၇ ရက်က ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ၂ နှင့် အစ္စတန်ဘူလ်မြို့၌ တွေ့ဆုံသည်။ 

ခေါင်းဆောင်နှစ်ဦးသည် တံခါးပိတ်အစည်းအဝေးပြုလုပ်ခဲ့ပြီး   ၎င်းတို့၏ကိုယ်စားလှယ်အဖွဲ့များကလည်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုများတွင်  နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် တည်ငြိမ်မှုရရှိစေရေးအထောက်အကူဖြစ်စေနိုင်သည့် ခြေလှမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု တူကီယဲဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြောသည်။

ခေါင်းဆောင်နှစ်ဦးသည် ဂါဇာကမ်းမြောင်ဒေသတွင်  ဖြစ်ပေါ်နေသည့် တိုးတက်မှုများအတွက် မှတ်ချက်များနှင့်  ငြိမ်းချမ်းရေးအစီအစဉ်  ဒုတိယအဆင့် အကောင်အထည်ဖော်ရေးတို့ကို  နှိုင်းယှဉ်ကာ  အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားရန်လိုအပ်သည်ဟု အလေးပေးပြောကြားခဲ့ကြသည်။

ဒေသတွင်းအကျပ်အတည်းများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နေစဉ် ယခုကဲ့သို့ ခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဆင်ဟွာ

ဓာတ်ပုံ-DHA