ပေကျင်း အောက်တိုဘာ ၂၈
အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေးနှင့် ရန်လိုမှုများ အဆုံးသတ်ရေးကို ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျန်းက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။
အောက်တိုဘာ ၂၆ ရက်တွင် အစ္စရေးတပ်မတော်က အီရန်၏ စစ်ရေးဆိုင်ရာပစ်မှတ်များအား တိုက်ခိုက်မှုနှင့် ပတ်သက်သည့် မေးခွန်းများကို ရှင်းလင်းဖြေကြားရာ၌ ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ထိပါး ခြင်းနှင့် စစ်ရေးအရ အင်အားသုံးတိုက်ခိုက်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ကန့်ကွက် ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။
အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများလျှော့ချရေးအတွက် သက်ဆိုင်သည့်အဖွဲ့အစည်းအားလုံး က ပူးပေါင်းဆောင်ရွက်ပေးရန် ၎င်းက ပန်ကြားခဲ့သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် အရှေ့ အလယ်ပိုင်း ဒေသအရေးတွင် အပြုသဘောဆောင်သည့် ရပ်တည်ချက်ဖြင့် ပါဝင်ဆောင်ရွက်ရန် ၎င်းက ထပ်လောင်းပန်ကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် -စိုးသူရ