နောင်ချို ဩဂုတ်   ၂၂ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းတွင် အသုံးပြုရန် အောက်ဆီဂျင်အိုး အလုံး(၂၀)နှင့် ကျန်းမာရေးသုံးပစ္စည်းများကို အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ယမန်နေ့ နံနက် ၁၁ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး (၂၀)၊ PPE ဝတ်စုံ အစုံ (၅၀)၊ Sugical Gown အထည် (၅၀)၊ ပိုးသတ်ဆေး ၅ ဂါလန်ပုံး (၃)ပုံး၊ Vitahome အားဆေး(၅) ဘူး၊ Mask (၃၀၀၀)ခုတို့ကို အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှ တာဝန်ရှိသူများက လှူဒါန်းပေးခဲ့ရာ သဖန်းကိုင်းပရဟိတ ဆရာတော်နှင့် အသင်းဥက္ကဋ္ဌ ဦးရှိုင်းဇာနည်တို့မှ လက်ခံရယူခဲ့သည်။

 

သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းမှ ဆရာတော်၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာဖွင့်လှစ်ထားပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ(၄)ခုတွင် တစ်ခုအပါ အဝင်ဖြစ်ကြောင်း၊ သဖန်းကိုင်းပရဟိတစင်တာတွင် ယမန်နေ့ (၂၁-၈-၂၀၂၁)ရက်နေ့ထိ ပိုးတွေ့လူနာ ၄၆ ဦးရှိပြီး အဆိုပါလူနာများ၏ ကျန်းမာရေးအတွက် ဆရာဝန် (၁)ဦး၊သူနာပြု (၄)ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ သဖန်းကိုင်း ပရဟိတအဖွဲ့ဝင်များက စာရေး၊ သောက်ရေး၊ နေထိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)