နေပြည်တော် မတ် ၂၀

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ မှီခိုသူမိသားစုဝင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်း ပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာ (အခြေခံ)သင်တန်းနှင့် ကွန်ပျူတာ သင်တန်းများဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား ကျောင်း သား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ရှမ်းပြည်နယ်) YMBA ဥက္ကဋ္ဌက ကျောင်းသား ကျောင်းသူများ အတွက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ စာအုပ်များနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဓမ္မစကူးကော်မတီဥက္ကဋ္ဌက ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေနှင့် ဓမ္မစကူး စာအုပ်များ ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူသည်။

 

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား သင်တန်းသူ ၁၇၆ ဦးဖြင့်လည်းကောင်း၊ အင်္ဂလိပ်စာ (အခြေခံ)သင်တန်းကို သင်တန်းသား သင်တန်းသူ ၅၈ ဦးဖြင့် လည်း ကောင်း၊ ကွန်ပျူတာသင်တန်းကို သင်တန်း သား သင်တန်းသူ ၆၉ ဦးဖြင့် လည်းကောင်း မေ ၁၈ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်