၁။    (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ဆွတ်ခူးအောင်မြင်ခဲ့ကြသော မြန်မာအားကစားသမားများအား နိုင်ငံတော်မှ အားပေးဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် လူစီး မော်တော်ယာဉ် ဝယ်ယူခွင့်ကို အထူးကိစ္စရပ်အနေဖြင့် ခွင့်ပြုသွားမည်ဖြစ်ပါသည်။
၂။    ရွှေတံဆိပ်ဆုရ အားကစားသမားများအား ပြည်တွင်းရှိ မော်တော်ယာဉ် Showroom နှင့် Sale Center များမှ စက်စွမ်းအား ၂၀၀၀ စီစီနှင့်အောက်၊ CIF တန်ဖိုး(ဆိပ်ကမ်းရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ နှင့်အောက် လူစီးမော်တော်ယာဉ်တစ်စီးစီ ဝယ်ယူ ခွင့်ပြုမည်ဖြစ်ပြီး ၎င်းမော်တော်ယာဉ်နှင့်စပ်လျဉ်း၍ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပါကြောင်း  အသိပေး ကြေညာအပ်ပါသည်။
၃။    အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်သည်-
    (က)    ညွှန်ကြားရေးမှူး(ယာဉ်မှတ်ပုံတင်)    -    ဖုန်း ၀၆၇-၃၄၀၅၁၄၂
    ( ခ)    ဒုတိယညွှန်ကြားရေးမှူး(ယာဉ်မှတ်ပုံတင်)    -    ဖုန်း ၀၆၇-၃၄၀၅၀၃၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန