အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော် ၂၃  ဒီဇင်ဘာ

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ ခုနှစ်၊ အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက နေပြည်တော် မြို့တော်ဂေါက် ကွင်းတွင် ကျင်းပ ရာ အမျိုးသားပွဲစဉ်များအဖြစ် Lion Cup  တစ်ဦးချင်း ပြိုင်ပွဲတွင် ပြည့်ဖြိုးသူ (မြန်မာ)မှ ယနေ့ ရိုက်ချက်(၇၁)ချက် (၄)ရက်ပေါင်းရိုက်ချက် (၂၉၀)ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၂)ချက်ပို၍ ပထမ၊ Dunwait Davit Boripoonsub (ထိုင်း)မှ ယနေ့ရိုက်ချက်(၇၀) (၄)ရက်ပေါင်း ရိုက် ချက်(၂၉၇)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၉)ချက်ပို၍ ဒုတိယ၊ Anctive Chong (စင်္ကာပူ)မှ ယနေ့ရိုက်ချက်(၇၂)ချက်ဖြင့် (၄)ရက် ပေါင်းရိုက်ချက် (၃၀ဝ)ဖြင့် သတ်မှတ်ရိုက်ချက် ထက် (၁၂)ချက်ပို၍ တတိယဆုကိုလည်းကောင်။

Lion Cup  အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းမှ ယနေ့ရိုက်ချက် (၁၄၅)ချက် (၄)ရက်ပေါင်းရိုက်ချက် (၅၉၀)ဖြင့် ပထမ၊ ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၄)ချက် (၄)ရက်ပေါင်းရိုက်ချက် (၅၉၂)ချက်ဖြင့် ဒုတိယ၊ အင်ဒိုနီးရှားအသင်းမှ ယနေ့ရိုက်ချက် (၁၅၂)ချက် (၄)ရက်ပေါင်းရိုက်ချက် (၅၉၈)ချက်ဖြင့် တတိယဆုကိုလည်းကောင်း။

Lion Cup  တစ်ဦးချင်း ပြိုင်ပွဲတွင်  Tanapat Pichaikool (ထိုင်း)မှ ယနေ့ရိုက်ချက် (၇၃)ချက် (၄)ရက်ပေါင်းရိုက်ချက် (၂၈၀)ဖြင့် သတ်မှတ်ရိုက်ချက် ထက် (၈)ချက်လျော့၍ ပထမ၊ Leon Philip Dsouza (ဟောင်ကောင်)မှ ယနေ့ရိုက်ချက် (၇၁)ချက် (၄)ရက်ပေါင်းရိုက်ချက် (၂၈၄)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၄)ချက်လျော့၍ ဒုတိယ၊ Parathakom Suyasri (ထိုင်း)မှ ယနေ့ရိုက်ချက် (၆၉)ချက် (၄)ရက်ပေါင်းရိုက်ချက် (၂၈၄) ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၄)ချက်လျော့၍ တတိယဆုကိုလည်းကောင်း။

Putra Cup  အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၂၁၄)ချက် (၄)ရက်ပေါင်းရိုက်ချက် (၈၄၇)ချက်ဖြင့် ပထမ၊ ဖိလစ်ပိုင် အသင်းမှ ယနေ့ရိုက်ချက် (၂၂၁)ချက် (၄)ရက်ပေါင်းရိုက်ချက် (၈၆၉)ချက်ဖြင့် ဒုတိယ၊ စင်္ကာပူအသင်းမှ ယနေ့ရိုက်ချက် (၂၁၄)ချက် (၄)ရက်ပေါင်းရိုက်ချက် (၈၇၁)ချက်ဖြင့် တတိယဆုကိုလည်းကောင်း။

အမျိုးသမီးပွဲစဉ်များအဖြစ် Santi Cup တစ်ဦးချင်း ပြိုင်ပွဲတွင် Bianca Isabel Pagdanganan (ဖိလစ်ပိုင်)မှ ယနေ့ရိုက်ချက် (၆၉)ချက် (၄)ရက် ပေါင်းရိုက်ချက် (၂၇၈) ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၁၀)ချက်လျော့၍ ပထမ၊ Lois Kaye Go (ဖိလစ်ပိုင်)မှ ယနေ့ရိုက်ချက် (၇၀) (၄)ရက်ပေါင်းရိုက်ချက် (၂၈၁)ချက်ဖြင့် သတ်မှတ် ရိုက်ချက်ထက်(၇)ချက် လျော့၍ ဒုတိယ၊ Napabhach Boon-IN (ထိုင်း)မှ ယနေ့ရိုက်ချက် (၇၅)ချက် (၄)ရက် ပေါင်းရိုက်ချက် (၂၈၇)ချက်ဖြင့် သတ်မှတ်ရိုက်ချက် ထက်(၁)ချက်လျော့၍ တတိယဆုကိုလည်းကောင်း။

Santi Cup အသင်းလိုက်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၁၃၉)ချက် (၄)ရက်ပေါင်း ရိုက်ချက် (၅၅၉)ချက်ဖြင့် ပထမ၊  ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၇)ချက် (၄)ရက်ပေါင်းရိုက်ချက် (၅၇၇)ချက်ဖြင့် ဒုတိယ၊ မလေးရှားအသင်းမှ ယနေ့ရိုက်ချက် (၁၄၃)ချက် (၄)ရက်ပေါင်းရိုက်ချက် (၅၉၃)ချက်ဖြင့် တတိယဆုကိုလည်းကောင်း။

Kartini Cup တစ်ဦးချင်းပြိုင်ပွဲတွင် Jumpita Chul-Ak-Som (ထိုင်း)မှ ယနေ့ရိုက်ချက် (၇၀) (၄)ရက်ပေါင်း ရိုက်ချက် (၂၈၇)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၁)ချက်လျော့၍ ပထမ၊ သင်းဝေခိုင်(မြန်မာ)မှ ယနေ့ရိုက်ချက် (၇၇)ချက် (၄)ရက် ပေါင်း ရိုက်ချက် (၂၉၃)ချက်ဖြင့် သတ်မှတ်ရိုက်ချက် ထက်(၅)ချက်ပို၍ ဒုတိယ၊ Junia Louise Gabasa (ဖိလစ်ပိုင်)မှ ယနေ့ရိုက်ချက်(၇၉)ချက် (၄)ရက်ပေါင်း ရိုက်ချက် (၂၉၉)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၁၁)ချက်ပို၍ တတိယဆုကို လည်းကောင်း။

Kartini Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၈)ချက် (၄)ရက် ပေါင်း ရိုက်ချက် (၅၉၀)ဖြင့် ပထမ၊  ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၁၅၂)ချက် (၄)ရက်ပေါင်း ရိုက်ချက် (၆၀၁)ချက်ဖြင့် ဒုတိယ၊ မလေးရှားအသင်းမှ ယနေ့ရိုက်ချက် (၁၅၉)ချက် (၄)ရက်ပေါင်း ရိုက်ချက် (၆၁၃)ချက်ဖြင့် တတိယဆုကိုလည်းကောင်း ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ညနေပိုင်းတွင် မြတ်နန်းယုံ ဟိုတယ်၌ ကျင်းပရာ ဆုများကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူများမှ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)