အရှေ့တောင်အာရှနိုင်ငံများ ကြုံတွေ့လာရသည့် စွန့်ပစ်အမှိုက်ပြဿနာ

၂၂ ဇူလိုင်

အခုတလော    ကမ္ဘာ့သတင်းတွေမှာ    မြင်တွေ့နေရတဲ့သတင်းကတော့  အာရှနိုင်ငံတွေဆီ  ဖွံ့ ဖြိုးပြီးနိုင်ငံတွေက  ပလတ်စတစ်အမှိုက်တွေ  တင်ပို့တဲ့သတင်းပါပဲ။  ဒီပြဿနာကြောင့်  ဖိလစ်ပိုင်နဲ့  ကနေဒါနိုင်ငံတို့ဟာ ဆက်ဆံရေးဆိုးရွားမှုတွေ  ဖြစ်ကုန်ရပါတယ်။ ကနေဒါနိုင်ငံက ဖိလစ်ပိုင်သံအမတ်ကြီးကို ပြန်ခေါ်တဲ့အထိ ဆက်ဆံရေးဆိုးရွားလာခဲ့ပါတယ်။

ဒီလိုနဲ့လည်း      ပြဿနာဟာ    အဆုံးသတ် မသွားပါဘူး။  ကနေဒါဟာ သူကတိပေးထားတဲ့ အချိန်အတွင်း  အမှိုက်တွေကို  ပြန်လည်သယ် ဆောင်ခြင်းမပြုတဲ့အတွက် ဖိလစ်ပိုင်အစိုးရအရာရှိတွေ  ကနေဒါနိုင်ငံကို သွားရောက်ခြင်းပိတ်ပင်တာအထိ      ဖြစ်လာပါတယ်။  ဒါကတော့  မေလအတွင်းကဖြစ်ပေါ်ခဲ့တဲ့      ပလတ်စတစ်အမှိုက် ပြဿနာပါ။

ကမ္ဘောဒီးယားသို့ရောက်လာသည့်အမှိုက်များ

အခုလည်း ဇူလိုင်လအတွင်းမှာ  အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ ဗီယက်နိုင်ငံကို အမေရိကန်နဲ့ ကနေဒါက အမှိုက်တန်ချိန် ၁၆၀ဝ ရောက်လာပြန်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကတော့  နိုင်ငံရဲ့ကမ်းခြေဆီ အနောက်တိုင်းကုမ္ပဏီက  သယ်ဆောင်လာတဲ့ စွန့်ပစ်အမှိုက်တွေ ရောက်လာတာကိုငြင်းဆန်တဲ့ အာရှတိုင်းပြည်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံအာဏာပိုင်တွေကတော့  ကမ္ဘောဒီးယား ကမ်းခြေကိုရောက်လာတဲ့   စွန့်ပစ်အမှိုက်တွေကို မူလနိုင်ငံတွေဆီ  ပြန်ပို့မယ်လို့  ဇူလိုင် ၁၇ ရက်က ပြောခဲ့ပါတယ်။

အမှိုက်တွေပြန်ပို့မယ်

သူတို့ပြောတဲ့အတိုင်းပဲ        အမှိုက်တန်ချိန် ၁၆၀ဝ ခန့်ကို အမေရိကန်နဲ့ ကနေဒါတို့ဆီ ပြန်ပို့ ပေးခဲ့ပါတယ်။   ကွန်တိန်နာ ၈၃ လုံးနဲ့ထည့်ထားတဲ့ စွန့်ပစ်အမှိုက်တွေကို အနောက်တောင်ပိုင်း အဓိကဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ဆီဟာနော့ခ်ဗီလီမှာ ဇူလိုင် ၁၆  ရက်က        တွေ့ရှိခဲ့တာပါလို့      ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ နက်ပီခက်ထရာက  ပြောပါတယ်။      အကောက်ခွန်နဲ့ ယစ်မျိုးခွန်ကအရာရှိတွေက ဒီကွန်တိန်နာတွေကို  ဖွင့်ကြည်ခဲ့တာပါ။  ဒီကွန်တိန်နာတွေမှာ ပြန်လည်အသုံးပြုလို့ရသည့် ပစ္စည်းများဟု အမည် တပ်ထားပြီး   ပလတ်စတစ်စွန့်ပစ်အမှိုက်များလို့ တော့ နာမည်တပ်ထားခြင်းမရှိပါဘူး။

ဒဏ်ရိုက်မယ်

အခုအခါမှာတော့    အကောက်ခွန်ဝန်ကြီးဌာနကလည်း ဒီကွန်တိန်နာတွေ ကမ္ဘောဒီးယားကိုဘယ်လိုပုံစံမျိုးနဲ့ ရောက်ရှိလာသလဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ      ပြုလုပ်လျက်ရှိပါတယ်။ တကယ်လို့များ လက်သည်ကိုရှာလို့တွေ့ ပြီဆိုရင် ဒဏ်ရိုက်တာတွေ၊ တရားစွဲဆိုတာတွေ ပြုလုပ်သွားမယ်လို့  ဖီခက်ထရာက ပြောပါတယ်။ အဲဒီလိုလုပ် ဆောင်နေစဉ်အတွင်းမှာပဲ  ပြည်ထောင်စုအစိုးရဟာ  ဒီအမှိုက်ကွန်တိန်နာတွေကို  အမေရိကန်နဲ့ ကနေဒါတို့ဆီ  ပေးပို့တဲ့လုပ်ငန်းစဉ်တွေကို အစပြုလုပ်ဆောင်နေပါပြီ။ ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံခြားတိုင်းပြည်က အမှိုက်တွေလာရောက်စုပြုံပစ်ထားရမယ့် အမှိုက်ပုံတစ်ခုမဟုတ်ဘူး၊ ဒီလို ပလတ် စတစ်အမှိုက်တွေ တင်သွင်းတာကို ကမ္ဘောဒီးယား အစိုးရက  ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ဖီခက်ထရာက  ဆက်ပြောပါတယ်။  ဒီလို စွန့်ပစ်အမှိုက်ပြဿနာဟာ တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေ ရတဲ့ပြဿနာတစ်ခုပါပဲ။

အရှေ့တောင်အာရှနိုင်ငံတွေဆီ ဦးတည်လာ

ထူးသဖြင့် အနောက်နိုင်ငံတွေက အီလက်ထရွန်နစ်  စွန့်ပစ်အမှိုက်၊    ပလတ်စတစ်အမှိုက် တွေဟာ          အရှေ့တောင်အာရှနိုင်ငံတွေဆီကို ရောက်လာတတ်ပါတယ်။      ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်နိုင်ငံဟာ  သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ပလတ်စတစ်အမှိုက်တင်သွင်းခြင်းကို ပိတ်ပင်တားဆီးခဲ့ပါတယ်။      ဒါကြောင့်မို့      ဒီလိုပလတ်စတစ်နဲ့  အီလက်ထရွန်နစ်  စွန့်ပစ်အမှိုက်တွေကို  စွန့်ပစ်ဖို့  ဦးတည်ချက်လမ်းကြောင်းဟာအရှေ့တောင်အာရှနိုင်ငံတွေဆီ    ဦးတည်လာခဲ့တာပါ။ ကမ္ဘောဒီးယားမှာ ကြုံတွေ့ရသလိုမျိုးအဖြစ် အပျက်ကို မလေးရှားနဲ့ ဖိလစ်ပိုင်တို့မှာလည်း ကြုံတွေ့ ခဲ့ပြီးပါပြီ။

ဖိလစ်ပိုင်မှာ ကြုံတွေ့ရသည့်ပြဿနာ

အမှိုက်များတင်ပို့ခြင်းဟာ        လိုင်စင်မရှိတဲ့ ပလတ်စတစ်ပြန်လည်အသုံးပြုရေး   လုပ်ငန်းတွေ အတွက်  တရားမဝင်လုပ်ငန်းတစ်ခုလို    ဖြစ်နေပါတယ်။ မလေးရှားနိုင်ငံမှာလည်း   ယခုနှစ်အစောပိုင်းမှာပဲ လိုင်စင်မဲ့ပလတ်စတစ် ပြန်လည်အသုံးပြုနိုင်ရေး သန့်စင်ပေးသည့်လုပ်ငန်း ၁၄၈ ခုကို နှိမ်နင်း ခဲ့ရပါတယ်။ အဲဒီလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့အပြင် ထွက်ရှိလာတဲ့မီးခိုး ငွေ့တွေကြောင့် ပတ်ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေပါတယ်။  ရေထုကိုလည်း  ညစ်ညမ်းစေပါတယ်။ ဒါကြောင့်မို့လည်း   မလေးရှားအစိုးရဟာ တိုင်းပြည်အတွင်း အမှိုက်များစီးဝင်ခြင်းကို နှိမ်နင်းဖို့ကြိုးစားခဲ့ရတာပါ။ ဖိလစ်ပိုင်နဲ့ ကနေဒါတို့ စွန့်ပစ်အမှိုက်ပြဿနာကြောင့်          သံတမန်ရေးရာအရ အငြင်းပွားမှုတွေ    ဖြစ်ပေါ်ရတာလည်း    ယခုနှစ် အတွင်းမှာပါပဲ။ ဒီပြဿနာကြောင့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးဟာ ကနေဒါနိုင်ငံ အော့တဝါမြို့က သူ့ရဲ့သံအမတ်ကြီးကို တိုင်းပြည်အတွင်း ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မေလအတွင်းမှာပဲ ကနေဒါက အမှိုက်တန်ချိန် ၂၄၅၀ တန်ဟာ ပြန်လည်သိမ်းယူဖို့ ကနေဒါနိုင်ငံဟာ သဘောတူပေး ခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်ကတည်းကအမှိုက်တွေ

ကနေဒါနိုင်ငံဘက်ကအမှိုက်တွေ   ပြန်လည်သိမ်းယူဖို့ သဘောမတူခင် ဖိလစ်ပိုင်မှာ ဒီပြဿနာကြောင့်  အတော်လေးဂယက်ထခဲ့ပါတယ်။ မနီလာမြို့က သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှား သူတွေဟာ  ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက် နေ့ကတည်းက ကနေဒါကအမှိုက်တွေကို ပြန်လည်သယ်ယူဖို့  တောင်းဆိုခဲ့ကြတာပါ။၂၀၁၆  ခုနှစ်မှာတော့        ဖိလစ်ပိုင်တရားရုံးဟာ      ဖိလစ်ပိုင်ကို ရောက်ရှိလာတဲ့အမှိုက်တန်ချိန်  ၂၄၀ဝ ကျော်ဟာ ကနေဒါနိုင်ငံရဲ့ တရားမဝင်တင်ပို့တဲ့ အမှိုက်တွေလို့ ကြေညာခဲ့ပါတယ်။ ကနေဒါနိုင်ငံဟာ ဒီအမှိုက်တွေ ကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ တင်ပို့ခဲ့တာပါပဲ။

မလေးရှားမှာ ကြုံရသည့်ပြဿနာ

နောက်ပြီးမေလအတွင်းမှာပဲ မလေးရှားနိုင်ငံ ကိုရောက်လာတဲ့ အမှိုက်တန်ချိန် ၄၅၀ ခန့်ကို မူရင်း တိုင်းပြည်တွေဆီ    ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ မလေးရှားကိုရောက်လာတဲ့အမှိုက်တွေရဲ့ မူလတိုင်း ပြည်တွေကတော့  ဗြိတိန်၊  ကနေဒါ၊   အမေရိကန်၊ ဂျပန်နဲ့ နယ်သာလန်နိ်ုင်ငံတို့ကပဲ ဖြစ်ပါတယ်။

အင်ဒိုဆီမှာလည်း ကြုံတွေ့ရ

နောက်ထပ်အမှိုက်ပြဿနာနဲ့  ကြုံတွေ့ရတဲ့အရှေ့တောင်အာရှနိုင်ငံတစ်ခုကတော့  အင်ဒိုနီးရှားပါပဲ။ အင်ဒိုနီးရှားနိုင်ငံကိုလည်း ပြင်သစ်၊ ဩစတြေးလျနဲ့ အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေဆီက ရောက် လာတဲ့ပလတ်စတစ်အမှိုက်တွေကို ဒီလအတွင်းမှာပဲ ပြန်ပို့ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်ကမှ တစ်နိုင်ငံရဲ့အမှိုက်တွေကို        နောက်တစ်နိုင်ငံက လက်မခံချင်ကြပါဘူး။  ဒါကြောင့်  ဒီပြဿနာကို အဖြေရှာဖို့အတွက်    ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက အစိုးရတွေဟာ နယ်စပ်တွေမှာ ပလတ်စတစ်အမှိုက် ထိန်းချုပ်ရေးအတွက် မေလအတွင်းမှာ သဘောတူခဲ့ကြပြီး  ပလတ်စတစ်စွန့်ပစ်အမှိုက်တွေအတွက် နိုင်ငံအချင်းချင်းသဘောတူရမယ့်အခြေခံအချက် တွေကိုပါ ထည့်သွင်းခဲ့ကြပါတယ်။

ပြဿနာတွေရှိနေဆဲ

ဒီလှုပ်ရှားမှုဟာ ကြိုဆိုရမယ့် အရွေ့တစ်ခုဖြစ်ပြီး  မမျှတမှုတွေကို  ဖြေလျှော့ပေးကာ  ကမ္ဘာလုံး ဆိုင်ရာအမှိုက်ပြဿနာအတွက် တာဝန်ခံမှုအတိုင်း အတာကိုပြန်လည်ထိန်းသိမ်းလိုက်တာပဲ ဖြစ်တယ်လို့ ကမ္ဘာ့တောရိုင်းတိရ္ဆာန်ရန်ပုံငွေအဖွဲ့က ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာလည်း ပြည်တွင်းက ထုတ်လုပ်လိုက်တဲ့  ပလတ်စတစ်တွေကြောင့်  ဖြေရှင်းရမယ့်ပြဿနာအနည်းငယ်လည်း ရှိနေပါသေးတယ်။ ဒါကတော့ ပြည်တွင်းမှာပလတ်စတစ်အသုံးပြုမှုနဲ့ ပတ်သက်ပြီး လူထုအသိရှိမှုတွေ လျော့နည်း နေတာကြောင့်ရယ်၊        ပလတ်စတစ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့    လိုအပ်ချက်တွေရှိနေသေး တာတွေကြောင့်ပါပဲ။

အားကောင်းနေဆဲအမှိုက်ပြဿနာ

စွန့်ပစ်ပလတ်စတစ်အမှိုက်တွေထဲက      ပြန်လည်အသုံးပြုလို့ရအောင်  ဖန်တီးဖို့ခက်တဲ့အမှိုက်တွေ၊ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်ပေါ်စေ တဲ့အမှိုက်တွေတင်ပို့ခြင်းကို တားဆီးဖို့ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားပေမယ့် သဘောတူလက်မှတ် ပါဝင်ရေးထိုးခြင်းမရှိတဲ့ နိုင်ငံအနည်းငယ်လည်း ရှိပါတယ်။    အဲဒီအထဲမှာ အမေရိကန်လည်း  အပါအဝင်ပါပဲ။  တစ်ကမ္ဘာလုံး ကြုံတွေ့နေရတဲ့ ပလတ်စတစ်အမှိုက်ပြဿနာဟာလည်း အရှိန်အားကောင်းနေဆဲပါပဲ။      ။ 

ကိုးကား - စီအင်န်အင်န်
ခြူးစန္ဒီနွေး