mdn

 နေပြည်တော်   ၁၈  အောက်တိုဘာ

 

အရှေ့တောင်အာရှနိုင်ငံများတွင် အဖြစ်များသည့် မျိုးရိုးဗီဇဆိုင်ရာ ရောဂါများကို နည်းပညာနှင့် ကာကွယ်ကုသရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာခင်ပြုံးကြည်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ပထမအတွင်းဝန် Mr. Su Zhe ၊ သားဖွားနှင့် မီးယပ်ပညာဌာန ပါမောက္ခဌာနမှူး ပါမောက္ခ ဒေါက်တာနွယ်မာထွန်းနှင့် ဟိုင်နန်ဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် Prof.Yuanhua  Huang တို့က အမှာစကားပြောကြားကြသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး(ရန်ကုန်)၊ ဟိုင်နန်ဆေးတက္ကသိုလ်ဆေးရုံနှင့် The Chinese  University of Hong  Kong တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မျိုးရိုးဗီဇဆိုင်ရာ သွေးရောဂါကို ဖန်ပြွန်သန္ဓေ သားနည်းပညာဖြင့် ကာကွယ်ကုသပေးခြင်းကို အဓိကထား၍ အောက်တိုဘာ ၃၁ ရက် အထိ ဆွေးနွေးသွားမည်ဖြစ်သည်။

 

ရီရီမြင့်