မတ် ၁၇
အရှေ့တောင်အာရှနိုင်ငံများသည် ၎င်းတို့၏စီးပွားရေးကို မြှင့်တင်ရန် နိုင်ငံခြားခရီးသွားဧည့်များအား ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များဖြေလျှော့ပေးခဲ့ကြသည်။
ဗီယက်နမ်နိုင်ငံတွင် နိုင်ငံတကာခရီးသွားအားလုံးအတွက် ၎င်း၏နယ်စပ်ဒေသများကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။
ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကိုလည်း ပြန်လည်စတင်ခဲ့သည်။
ဗီယက်နမ်နိုင်ငံသို့ ဆိုက်ရောက်လာသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိကြောင်းရလဒ် ထွက်လာပါက ဗုဒ္ဓဟူးနေ့မှစတင်ကာ သီးခြားကွာရန်တင်းနေထိုင်ရန် လိုအပ်တော့မည်မဟုတ်ပေ။
အင်ဒိုနီးရှားအစိုးရက ဧပြီ ၁ ရက်နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသောခရီးသွားများအား ကွာရန်တင်းနေထိုင်မှုမပြုလုပ်တော့ရန်စဉ်းစားထားသည်။
မလေးရှားအစိုးရက ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံမှုခံယူပြီးသည့် ခရီးသွားများအား ဧပြီ ၁ ရက်နေ့မှစတင်ကာ ကွာရန်တင်းနေထိုင်မှုမပြုလုပ်တော့ရန်ကိုလည်း စီစဉ်ထားသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကလည်း ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသည့် နိုင်ငံတကာခရီးသွားများ ကွာရန်တင်းဝင်ရောက်မှုကို ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို