မိုင်းရှူး ၂၉ ဇန်နဝါရီ
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ သဘာဝအတိုင်းတည်ရှိသော ဟိုက်ပါရေတံခွန်ဟာ အရှေ့တောင်အာရှရဲ့ အလှဆုံး ရေတံခွန်လို့ သတ်မှတ်ထားတဲ့ ရေတံခွန်ဖြစ်ပါတယ်။

ဟိုက်ပါရေတံခွန်ဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့အနောက်တောင်ဘက် ၁၂မိုင်အကွာမှာရှိတဲ့ ဟိုက်ပါကျေးရွာ အနီးမှာတည်ရှိတဲ့ ရေတံခွန်တစ်ခုပဲဖြစ်ပါတယ်။

အဆိုပါနေရာသည် ယခင်က ကန့်သတ်နယ်မြေဖြစ်သောကြောင့် သွားလာသူအလွန်နည်းပါပြီး လူသူအရောက်အပေါက် နည်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ယခုအခါတွင် သွားလာရေး လွယ်ကူချောမွေ့ကာနယ်မြေအေးချမ်း၍သွားလာခွင့်ပြုလိုက်ပြီး ဖြစ်တာကြောင့် မြန်မာပြည်တွင်း ခရီးသွားများပါမက နိုင်ငံခြားသားများပါ လာရောက်လည်ပတ်လျက်ရှိသော ရေတံခွန်ဖြစ်ပါတယ်။

ဟိုက်ပါရေတံခွန်နှင့် တောင်ကြီးသည် ၁၃၉ မိုင်သာကွာဝေးပြီး လမ်းအနေအားဖြင့် တောင်တတ်တောင်ဆင်း အကွေ့အကောက်များပါတယ်။

ဟိုက်ပါရေတံခွန်ကို ယခုအချိန်တွင် သွားရေးလာရေး အဆင်ပြေပြီဖြစ်တဲ့အတွက် ရေတံခွန်ဆီသို့ သွားရောက်လည်ပတ်ရန်အတွက် ခရီးသွားကဏ္ဍ တစ်ခုလည်း ဖြစ်ပါတယ်။
ဓါတ်ပုံ
သူရိန်လင်း


