မြို့သစ်   ၁၃  ဇူလိုင် 

မကွေးခရိုင် မြို့သစ်မြို့နယ်မြို့သစ်၊ တောင်တွင်းကြီး ကားလမ်း မိုင်တိုင်အမှတ်( ၆/၅)နှင့်(၆/၆) အကြား နဘဲကုန်းကျေးရွာအနီးတွင် ယမန်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြို့သစ်ရဲစခန်းမှ သိရသည်။

တောင်တွင်းကြီးဘက်မှ မြို့သစ်ဘက်သို့ အောင်မင်းကို မောင်းနှင်လာသော ယာဉ်နှင့် ဇော်မြင့်မောင်းနှင်လာသော ဘေးတွဲပါ  ဆိုင်ကယ်တို့ ကားလမ်းမအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြခြင်းဖြစ်သည်။

  ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မင်းကို နှင့် ဇော်မြင့် တို့ နှစ်ဦးအား အမှုရေးဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း( ပြန်/ဆက်)