အရိုး၊အကြော၊ အဆစ်ရောဂါဝေဒနာသည်များအား အခမဲ့ဆေးကုသပေး

ဗန်းမော်    ၂၈ ဇန်နဝါရီ   

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အရိုး၊ အကြော၊ အဆစ်ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများအား အခမဲ့ဆေးကုသဆောင်ရွက်မှုကို ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီမှ စတင်၍ နေ့လယ်ပိုင်းအထိ ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဌာန၌ ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆရာဝန်အသင်း (ဗန်းမော်အသင်းခွဲ) ဖိတ်ကြားချက်အရ စဉ်ဆက်မပြတ် ဆေးကုသရေး အစီအစဉ်အဖြစ် မြန်မာနိုင်ငံအရို၊ အကြော၊ အဆစ် ဆေးပညာဌာနမှ ပါမောက္ခ ဆရာကြီး ဦးချစ်စိုး ဦးဆောင်သော အရိုး၊ အကြော၊ အဆစ်သမားတော်နှင့် အရိုး၊ အကြောအထူးကု ခွဲစိတ်ဆရာဝန်များ ပူးပေါင်းပြီး ဒေသခံပြည်သူ(၃ဝဝ)ဦးခန့်ကို အခမဲ့ ကျန်းမာရေး ကြည့်ရှုစစ်ဆေး ကုသပေးခဲ့ကြောင်း ခရိုင်ပြန်/ ဆက်မှ သိရသည်။

 

(MDN)